ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံ ချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်မှုသတင်း

chin_22_Pic_01 chin_22_Pic_02 chin_22_Pic_03
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း (IOM) တို့ပူးပေါင်း၍ ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာလုပ်ငန်းစီမံချက်ရေးဆွဲရေးအလုပ်ရုံဆွေးနွေးပွဲကို (၂၂-၅-၂၀၁၇) ရက်နေ့တွင် ချင်းပြည် နယ်၊ ဟားခါးမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ချင်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောရေးရာဝန်ကြီး၊ စည်ပင်နှင့် လျှပ်စစ်ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ ပုဂ္ဂိုလ်များ၊ INGO/NGO အဖွဲ့အစည်းများအပါအဝင် စုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကာလမှာ (၂၂-၅-၂၀၁၇) ရက်မှ (၂၃-၅-၂၀၁၇) ရက်နေ့ထိ (၂) ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events