ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ နတ်စင်ကျေးရွာ၊ ရေလဲကြီးကျေးရွာ၊ တလုပ်လပ်အနောက် ကျေးရွာ၊ ညောင်ပင်ဂရက်ကျေးရွာ၊ စစ်ချောင်းကျေးရွာ၊ ကွန်စုကျေးရွာ၊ ဘီးလင်းကျေးရွာ၊ ကံကုန်းကျေးရွာ၊ အလန်းကျေးရွာ၊ ငါးကျီးဂရက် ကျေးရွာ၊ စွန်သိုက်ကျေးရွာနှင့် အမှတ် (၈) ရပ်ကွက်တို့တွင် လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၄၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး (၄၆) ပုံး၊ အမိုးလန်နေအိမ် (၅၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅၄) ပုံးတို့အား (၂၁-၅-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)