အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းမှုသတင်း

မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင်‌့ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်း များကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျှက်ရှိရာ(၁၂-၈-၂၀၁၅) နေ့တွင် နေပြည်တော်အလှူခံဌာန၌ မွန်ပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်(၁၄၀,၀၀,၀၀၀ိ/-) (ကျပ်တစ်ရာ့လေးဆယ်သိန်းတိတိ)နှင့်ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ရုံးဌာနဆိုင်ရာများ နှင့် လက်ဖက်တောင်သူများ၏ ချွေးနဲစာဖြင့်လှူဒါန်းမှု ငွေကျပ် (၁၀၀,၀၀,၀၀၀ိ/-)တို့အား မြန်မာစီးပွား ရေးဘဏ်၊နေပြည်တော်အလှူငွေစာရင်းအမှတ်(CF-002301)သို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းခြင်းနှင့် အမေရိကန်ဒေါ်လာ(၈၅၀၀၀)ကိုအား မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ ရန်ကုန်မြို့ အလှူငွေစာရင်း အမှတ်(1DA-0300086)သို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းခြင်းအပါအ၀င် ြမန်မာအလှူငွေစုစုပေါင်း ကျပ်(၉၄၇,၃၉,၀၀၀ိ/-)၊အမေရိကန်ဒေါ်လာ(၈၅၀၀၀)ကို အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ဥက္ကဌ၊လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးဒေါက်တာမြတ်မြတ်အုန်းခင်၊အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၊အတွင်းရေးမှူး၊လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီးဦးဘုန်းဆွေကလက်ခံရယူကာ ကျေးဇူးတင်စကားများပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်း လွှာများပြန်လည်ပေးအပ်ခဲ့ကြပါသည်။

(၁၂-၈-၂၀၁၅)ရက်နေ့တွင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး၌အလှူငွေကျပ်(၁၄၂,၂၀,၀၀၀ိ/-)၊အမေရိကန်ဒေါ်လာ(၅၀၀၀)နှင့် အလှူပစ္စည်း မျိုးစုံတို့ကို စေတနာရှင်ပြည်သူများမှ လာရောက်လှူဒါန်းခဲ့ရာ(၂၉-၇-၂၀၁၅)ရက်နေ့မှ(၁၂-၈-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၉၃၉၇,၁၇,၉၅၂ိ/-)၊ အမေရိကန်ဒေါ်လာ (၂၄၆၈၅၀)၊ ထိုင်းဘတ်(၇၅၂၀၀)၊မလေးရှားရင်းဂစ်(၂၀၀၀)ဖြစ်ပါသည်။လက်ခံရရှိသော အလှူငွေနှင့်ပစ္စည်းများ ကိုရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျှက်ရှိပါ ကြောင်းသတင်းရရှိပါသည်။

အလှူငွေလက်ခံရရှိမှုသတင်း

Sign Up

Upcoming Events