လပွတ္တာမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စု၊ ကညင်ကွင်းကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

21_pic01
(၁၉-၅-၂၀၁၇) ရက်နေ့၊ (၁၆းဝ၀) နာရီအချိန်ခန့်တွင် လပွတ္တာမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စု၊ ကညင်ကွင်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ (၄၄) လုံးမှ အိမ်ထောင်စု (၄၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး (၄၄) အိမ်ထောင်စာနှင့် အမိုးလန်ခဲ့သည့် အိမ်ခြေ (၁၃၀) လုံးမှ အိမ်ထောင်စု (၁၃၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၃၀) အိမ်ထောင်စာတို့ကို လပွတ္တာခရိုင်ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ထွေ/အုပ်၊ မြို့နယ်မီးသတ်၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ ၊ မြို့နယ်NLD အဖွဲ့ဝင်များ ၊ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Myanmar Rescue အဖွဲ့များ ၊ အဖြူရောင်ဧရာဝတီအဖွဲ့များနှင့်အတူ (၂၀-၅-၂၀၁၇) ရက်နေ့၊ (၁၆းဝ၀) နာရီအချိန်ခန့်တွင် ထောက်ပ့ံခဲ့ပါကြောင်း သိရှိပါသည်။

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events