ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကိုင်းတာကြီးကျေးရွာနှင့် ကျောင်းစုကျေးရွာနေ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

20_pic01

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကိုင်းတာကြီးကျေးရွာနှင့် ကျောင်းစုကျေးရွာတို့၌ (၁၈-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး (၁)ပုံး၊  အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀)ကျပ်၊ အမိုးလန်ခဲ့သည့် နေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၄)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀၀၀၀)ကျပ်၊ လူဦးရေ(၂၃) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၄၈၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၃၉၈၃၀၀) ကျပ်တို့အား (၁၉-၅-၂၀၁၇) ရက်နေ့တွင်  ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ  တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events