၂၀၁၅ခုနှစ်၊ သြဂုတ်လ(၁၂)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနသို့ ဇွန်၊ ဇူလိုင်လများအတွင်း ရေကြီးရေလျှံမှု များကြောင့် ဘေးသင့် ပြည်သူများအတွက် အလှူငွေများပေးအပ် လှူဒါန်းခြင်း အခမ်းအနား

၂၀၁၅ခုနှစ် ဇွန်၊ ဇူလိုင်လများအတွင်း ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် အလှူငွေ များပေးအပ်လှူဒါန်းခြင်း အခမ်းအနားကိုသြဂုတ်လ(၁၂)ရက်နေ့၊နံနက်(၁၀)နာရီအချိန် တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ကျင်းပရာ ရှေးဦးစွာ အလှူရှင်များ ကိုယ်စား၊ ပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဝင်းထွန်းက လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပါ သည်။ ထို့နောက် မြတ်နိုးသူ ကုမ္ပဏီ၊ ပစိဖိတ်ကုမ္ပဏီ၊ ဖြိုးစည်သူကုမ္ပဏီ ၊ Golden one star ကုမ္ပဏီ ၊ ဝင်းမာလာအောင် ကုမ္ပဏီ၊ တင်ဝင်းထွန်းကုမ္ပဏီ နှင့် မိုမင်တန်ကုမ္ပဏီတို့မှ (၃၅၀)သိန်း၊ ပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနမှ (၂၀၀)သိန်း၊ သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းလီမိတက်မှ (၁၀၀) သိန်း၊ ပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့် သစ်တောဝန်ကြီးဌာန အမျိုးသမီးရေးရာအဖွဲ့မှ(၁၂)သိန်း၊ မြန်မာ နိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ပတ်ဝန်းကျင်ထိန်းသိန်းရေးလုပ်ငန်းအဖွဲ့မှ (၁၂) သိန်း၊စုစုပေါင်း (၆၇၄)သိန်းအားပေးအပ်ရာ  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာ မြတ်မြတ်အုန်းခင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒေါက်တာစည်သူအောင်နှင့်တပည့်များ စွမ်းအားရာထူးဝင်ခွင့် သင်တန်းမှ ငွေကျပ်(၁၅.၂၅)သိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီးရုံးမိသားစုမှ ငွေကျပ် (၁.၆)သိန်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်းနှင့်ဇနီး ဒေါ်ရီရီဝင်း သားသမီးမြေးတစ်စုမှ ငွေကျပ်(၃သိန်း)၊စစ်တက္ကသိုလ်အမှတ်စဉ်(၁၈)သင်တန်းသားအရာရှိ များမှ ငွေကျပ်(၁၀)သိန်း၊ နေပြည်တော် သတ္တုတွင်းစီမံကိန်းရုံး၊ ဝန်ထမ်းမိသားစုများမှ ငွေကျပ် (၂.၀၁)သိန်း၊ သတ္တုတွင်းစီမံကိန်းရုံးလက်ထောက်မန်နေဂျာ ဦးတင်မောင်ဆွေ+ဒေါ်ဖြူဖြူလွင် မိသားစုမှ ငွေကျပ်(၁)သိန်း၊ ဒုအရာခံဗိုလ်ဝင်းနိုင်(ငြိမ်း)+ဒေါ်မီမီခိုင် မိသားစုမှ ငွေကျပ် (၅)သောင်းတို့ကို လှူဒါန်း ပါသည်။

ထို့အပြင် Asean Coordinating Center for Humanitarian Assistance (AHA Center)မှ US$ 400,000 ခန့်တန်ဖိုးရှိ အလူမီနီယံလှေ၊ တာပေါ်လင်စ၊ ပလပ်စတစ်ရေဘူး၊ Mobile Storage Unit၊ Family Kits၊ Kitchen Kits များ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ ရွှေစေတီပရိယတ္တိ  စာသင်တိုက်ဆရာတော် (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘဏ ဦးစီး၍ ရေနီမြို့မ လုံးဆိုင်ရာ ပြည်သူများနှင့် ရေနီမြို့ဝန်းကျင်ရှိ ကျေးရွာများမှ ဆရာတော်သံဃာတော်များနှင့် ပြည်သူများစုပေါင်း လှူဒါန်းသော  ငွေကျပ်(၁၉၂.၅)သိန်းတန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊အဝတ်အထည်များ၊စိုက်ပျိုးရေးဦးစီးဌာနမှ ငွေကျပ်(၁၅)သိန်း၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း)မှ ငွေကျပ်(၁) သိန်း၊ Association for Aid  and Relief (Japan)မှ အမေရိကန်ဒေါ်လာ (၃၀၀)၊ ဦးကိုကိုနိုင် (အင်ဂျင်နီယာချုပ်) နေပြည်တော် လျှပ်စစ်+ Dr.သီရိနွယ် (ညွှန်ကြားရေးမှူး) ကုသရေးဦးစီးဌာန သမီးမနန်းထိုက်ရည်မွန်+ ဗိုလ်ကြီး သက်ဖြိုးအောင် မိသားစုမှ (၃)သိန်း၊ Air Bus Defense and Space Co.Ltd နှင့်IGS Co.Ltd မှ ယူရို (၁၀၁၀၀)တန်ဘိုးရှိ ဂြိုလ်တုဓာတ်ပုံ (၄)ပုံတို့ကို လက်ခံရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events