မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက် လှူဒါန်းလျှက်ရှိရာ (၁၁-၈-၂၀၁၅) ရက်နေ့တွင် နေပြည်တော်အလှူခံဌာန၌ Bangkok Bank Public Co., Ltd မှ အလှူငွေကျပ် (၃၅၀,၀၀,၀၀၀၀/ )နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများမှ ငွေကျပ် (၁၃၅၃,၉၅,၉၀၂) တို့အား မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် အလှူငွေစာရင်းအမှတ် (CF-002301) သို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းခြင်းအပါအဝင် စုစုပေါင်းအလှူ ငွေကျပ် (၁၇၁၈,၉၅,၉၀၂၀/-) ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်က လက်ခံရယူကာ ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြပါသည်။ (၁၁-၈-၂၀၁၅) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ အလှူငွေကျပ် (၁၀၆၉,၆၆,၉၅၀၀/-)နှင့် အလှူပစ္စည်းမျိုးစုံ လက်ခံရရှိပါသည်။ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အလှူငွေကျပ် (၂၇၃,၀၀၀၀/-) နှင့် အလှူပစ္စည်းမျိုးစုံ၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးတွင် အလှူငွေကျပ် (၅၇,၀၀,၀၀၀၀/-) ၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အလှူငွေကျပ် (၂,၀၀,၀၀၀၀/-)၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးတွင် အလှူငွေကျပ် (၁၄,၀၀,၀၀၀၀/-)၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် အလှူငွေကျပ် (၂,၁၀,၀၀၀၀/-) တို့နှင့် အလှူပစ္စည်းမျိုးစုံတို့ကို စေတနာရှင်ပြည်သူများမှ လာရောက်လှူဒါန်းခဲ့ရာ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၁-၈-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၈၃၀၇,၅၈,၉၅၂၀/-) ၊ အမေရိကန်ဒေါ်လာ (၁၅၆၈၅၀) ၊ ထိုင်းဘတ် (၇၅၂၀၀) ၊ မလေးရှားရင်းဂစ် (၂၀၀၀) လက်ခံရရှိသော အလှူငွေနှင့် ပစ္စည်းများကို ရေဘေးသင့်ပြည်သူ များသို့ ထောက်ပံ့ပေးလျှက်ရှိပါသည်။
အလှူငွေလက်ခံရရှိမှုအသေးစိတ်ကို အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်-