တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းပြီး ပြန်လည်လွတ်မြောက်လာသော မြန်မာနိုင်ငံသားများအား မန္တလေးကျွဲဆည်ကန်ကားဝင်းမှ ၄င်းတို့နေရပ်ဖြစ်သော ပဲခူးတိုင်းဒေသကြီးသို့ ပြန်လည်ပို့ဆောင်ပေးမှုသတင်း

6_pic04 6_pic05
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှုး ဦးဆောင်သော ဝန်ထမ်းများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းပြီး ပြန်လည်လွတ်မြောက်လာသော မြန်မာနိုင်ငံသား (၂၇) ဦးအား (၅-၅-၂၀၁၇) ရက်နေ့၊ ညနေတွင် မန္တလေးကျွဲဆည်ကန်ကားဝင်းမှ လက်ခံကြိုဆိုခဲ့ပြီး (၂၅) ဦးအား ၄င်းတို့နေရပ်ဖြစ်သော ပဲခူးတိုင်းဒေသကြီးသို့ ဇေယျာရွှေပြည်ကားဖြင့်လည်းကောင်း ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး အဆိုပါနေရပ်ပြန်သူများအတွက် တစ်ဦးလျှင် စားစရိတ် တစ်ထောင်ကျပ်စီဖြင့်လည်းကောင်း၊ တစ်ဦးလျှင် ရေသန့်တစ်ဘူးစီဖြင့်လည်းကောင်း အသီးသီးထောက်ပ့ံပေးခဲ့ကြောင်း သိရှိရပါသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events