အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် သြဂုတ်လ (၁၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီ အချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး၊ သံအမတ်ကြီး H.E Mr.Hong Liang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း

အမျိုးသားသဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် သြဂုတ်လ (၁၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး၊ သံအမတ်ကြီး H.E Mr.Hong Liang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

ယင်းသို့တွေ့ဆုံရာတွင် ၂၀၁၅ခုနှစ် ဇွန်၊ ဇူလိုင်လများအတွင်း ဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ပြည်သူ့များ အမြန်ဆုံးပြန်လည်ထူထောင်ရေးအတွက် လူသာချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးနိုင်မှုများ၊ တရုတ် -မြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုများ၊ ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီဆုံးရှုံးမှုများ၊ အရေးပေါ်ကယ်ဆယ်ရေးအတွက် ဆောင်ရွက်နိုင်မှုအခြေအနေများနှင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်မှုအခြေအနေများ ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများ၏အခြေအနေများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ဘက်မှ အရေးပေါ်ကူညီမှုများ၊ မကြာမီဖွင့်လှစ်မည့် မြန်မာနိုင်ငံရှိ တစ်ခုတည်းသော ဟင်္သာတမြို့သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း (Disaster Management Training Center) အတွက် သင်တန်းနည်းပြဆရာများ၊ နည်းပညာနှင့်အကူအညီပေးနိုင်မှုများ၊ ရေကြီးရေလျှံမှုပြီးနောက်ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးကိစ္စများအတွက် အကူအညီပေးနိုင်မှုများ၊ သဘာဝဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်းအပါအဝင် လုပ်ငန်းစဉ် (၈) ခုပါ မြန်မာနိုင်ငံလူမှုကာကွယ် ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်နှင့်စပ်လျဉ်း၍ အဖွဲ့အစည်းနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များကို ရင်းနှီးပွင်းလင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Sign Up

Upcoming Events