ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ချင်ကျေးရွာအုပ်စု၊ ပန်ချင်ကျေးရွာ၌ (၂၉-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်အိမ်ခြေ (၃၈) လုံး၊ ပြိုကျပျက်စီး အိမ်ခြေ (၂) လုံး စုစုပေါင်း အိမ်ခြေ (၄၀) ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ (၁၇၀) ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့် အမိုးလန် အိမ်ခြေ (၃၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၃၈) အိမ်ထောင်စာ၊ ပြိုကျပျက်စီးအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄,၀၈၀,၀၀၀) ကျပ်တို့အား (၂-၅-၂၀၁၇) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)