မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်း များကို နေပြည်တော်ရှိလူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျှက်ရှိရာ(၆-၈-၂၀၁၅)နေ့တွင် နေပြည်တော်အလှူခံဌာန၌ မော်တော်ယာဉ်လုပ်ငန်းထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)နှင့်ယာဉ်လိုင်း(မိ သားစု)များမှငွေကျပ်(၅၀,၀၀,၀၀၀/-)၊ ထိုင်းနိုင်ငံဒုတိယ၀န်ကြီးချုပ်အမ်အာရ်ပရီဒီယသွန်းဒိဗကုလမှ အမေရိကန်ဒေါ်လာ(၂၉၀၀)နှင့် ထိုင်း ဘတ်(၄၀၂၀၀)၊၀န်ကြီးဌာနများ၊ အဖွဲအစည်းများနှင့် စေတနာရှင်ပြည်သူများမှ လှူဒါန်းငွေစုစုပေါင်း ကျပ်(၁၅၉၉,၆၂,၀၀၀/-)ကို အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်၊အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၊အတွင်းရေး မှူး၊လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဘုန်းဆွေ နှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊အမြဲတမ်းအတွင်း၀န်တာ၀န်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်တို့က လက်ခံရယူကာကျေးဇူးတင်စကားများပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ခဲ့ကြပါသည်။
အလားတူ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီး မှူးရုံးတွင်လည်းစေတနာရှင်ပြည်သူများမှ(၆-၈-၂၀၁၅)ရက်နေ့တွင် အလှူငွေကျပ်(၃၉၃,၃၃,၀၀၀/-) မလေးရှားရင်းဂစ်(၂၀၀)နှင့် အလှူပစ္စည်းမျိုးစုံတို့ကို လက်ခံရရှိပါသည်။ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် အလှူငွေကျပ်(၅၉,၇၀,၀၀၀/-)၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်အလှူငွေကျပ် (၄၀,၀၀၀/-)နှင့် ကယားပြည်နယ်ဦးစီးမှူးရုံးတွင် ငွေကျပ်(၁၄,၆၅,၀၀၀/-)၊ အလှူပစ္စည်းမျိုးစုံတို့ကို လက်ခံရရှိထားရာ(၂၉-၇-၂၀၁၅)ရက်နေ့မှ (၆-၈-၂၀၁၅)ရက်နေ့အထိအလှူရရှိ ငွေစုစုပေါင်းမှာ ကျပ် (၄၁၇၉,၅၀,၉၀၀/-)နှင့်အမေရိကန်ဒေါ်လာ(၂၉၂၀)၊ ထိုင်းဘတ်(၄၀၂၀၀)၊မလေးရှား ရင်းဂစ်(၂၀၀၀) တို့ဖြစ်ပါသည်။အလှူငွေနှင့်အလှူပစ္စည်းများကိုရေဘေးသင့်ပြည်သူများသို့ထောက်ပံ့ပေးလျှက်ရှိပါသည်။