အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ဒုတိယသမ္မတဦးဉာဏ်ထွန်းအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနသို့ရောက်ရှိပြီးလုပ်ငန်းဆောင်ရွက်မှုများကြည့်ရှုစစ်ဆေးခြင်းနှင့်ရေဘေးသင့်ပြည်သူများအတွက် အလှူငွေလက်ခံမှုသတင်း

အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ဒုတိယသမ္မတဦးဉာဏ်ထွန်းသည် သြဂုတ်လ (၆)ရက် နံနက်(၁၀)နာရီက လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်လုပ်ငန်းဆောင်ရွက်နေသောအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနသို့ရောက်ရှိရာလိုအပ်သောနည်းပညာဆိုင်ရာများပံ့ပိုးကူညီရန်ရောက်ရှိနေသောအာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာလူသားချင်းစာနာမှုအကူအညီပေးရေးညှိနှိုင်းမှုဌာန (ASEAN Coordination Centre for Humanitarian Assistance on Disaster Management – AHA Centre) မှ Mr. JanggamAdhityaawrama (Senior Emergency Preparedness and Response Officer) ၊ Mr. AdiBishry (Information and Communication Technology Officer )၊ Mr. Yoran Lukas (Logistic Officer ) ၊ United States Forest Service မှ Mr. Don Price (EOC Advisor)၊ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံးနှင့် မြန်မာသတင်းအချက်အလက်စီမံခန့်ခွဲမှုယူနစ်တို့မှ အပါအဝင် တာဝန်ထမ်းဆောင်နေသူများကလုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြကြပါသည်။ ဒုတိယသမ္မတကလိုအပ်သည်များဖြည့်ဆည်းပေါင်းစပ် လမ်းညွှန်မှုများဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် ဒုတိယသမ္မတသည် မြန်မာနိုင်ငံတစ်ဝှမ်းဖြစ်ပွားနေသောရေဘေးသင့် ပြည်သူများအတွက် သတ္တုတွင်းဝန်ကြီးဌာနနှင်‌့ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ လှူဒါန်းငွေကျပ်သိန်း (၁၅၀၀)ကိုလက်ခံရယူခဲ့ပါသည်။ အဆိုပါ လှူဒါန်းမှုနှင့်စပ်လျဥ်း၍ မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြတ်မြတ်အုန်းခင်ကကျေးဇူးတင်စကားပြန်လည်ပြော ကြားခဲ့ပါသည်။1 2 3

Sign Up

Upcoming Events