(၂၉-၇-၂၀၁၅) ရက်နေ့မှ (၅-၈-၂၀၁၅) ရက်နေ့အထိ ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင်များမှ လှူဒါန်းသည့် အလှူငွေလက်ခံရရှိမှုအခြေအနေသတင်း

မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင်‌့ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်း များကို နေပြည်တော်ရှိ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျက်ရှိရာ (၅-၈-၂၀၁၅) နေ့တွင် နေပြည်တော်အလှူခံဌာန၌ အမျိုးသားလွှတ်တော်ဥက္ကဌနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များမှ ငွေကျပ်(၂၃၁,၅၀,၀၀၀/-)၊ အမျိုးသားလွှတ်တော်တပ်မတော်သားကိုယ်စားလှယ်များမှ ငွေကျပ် (၈၄,၀၀,၀၀၀/-)၊ သမ၀ါယမ၀န်ကြီးဌာနမိသားစုမှငွေ ကျပ် (၉၄,၄၈,၃၀၀/-)နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် KSGM ကုမ္ပဏီ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ငွေကျပ် (၂၀၀,၀၀,၀၀၀/-) တို့အပါအ၀င် စုစုပေါင်းအလှူငွေကျပ် (၆၅၀,၉၇,၃၀၀/-)၊ အမေရိကန်ဒေါ်လာ (၂၀)နှင့် အလှူပစ္စည်းဖြစ်သည့် ဆန်၊ ခေါက်ဆွဲခြောက်၊ အ၀တ်အထည်များကိုအမျိုး သားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဘုန်းဆွေနှင့် အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်တို့က လက်ခံရယူကာ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

အလားတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီး မှူးရုံးတွင်လည်း စေတနာရှင်ပြည်သူများမှ (၅-၈-၂၀၁၅) ရက်နေ့တွင် အလှူငွေကျပ်(၁၀၇၈,၇၈,၃၅၀ိ/-) နှင့် အလှူပစ္စည်းမျိုးစုံတို့ကိုလည်းကောင်း လက်ခံရရှိပါသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး တွင် အလှူငွေကျပ် (၅,၀၀,၀၀၀/-)၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အလှူငွေကျပ် (၁,၀၀,၀၀၀/-)နှင့် အလှူပစ္စည်းမျိုးစုံတို့ကို လက်ခံရရှိထားရာ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၅-၈-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာကျပ် (၂၁၁၁,၇၅,၉၀၀/-)နှင့် အမေရိကန်ဒေါ်လာ(၂၀)တို့ဖြစ်ပါ သည်။ အလှူပစ္စည်းများကို ရေဘေးသင့်ပြည်သူများ လက်၀ယ်အမြန်ဆုံးရောက်ရှိရေးစီစဉ် ဆောင်ရွက် လျက်ရှိပါကြောင်းသတင်းရရှိပါသည်။

ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင်ပြည်သူများမှ လှူဒါန်းသည့် အလှူငွေစာရင်းအသေးစိတ်အား အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်-

အလှူငွေလက်ခံရရှိမှုစာရင်း

 

Sign Up

Upcoming Events