မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်း များကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နေပြည်တော် အလှူခံ ဌာန၌ လက်ခံလျက်ရှိရာ သြဂုတ် ၅ ရက်နေ့နံနက်တွင် သမဝါယမဝန်ကြီးဌာန (မိသားစု)မှ အလှူငွေ ကျပ် (၉၄,၄၈,၃၀၀/-) ကိုပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက လာရောက် ပေးအပ်လှူဒါန်းရာ အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေက လက်ခံရယူ ကာ ကျေးဇူးတင်စကားများပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ပါသည်။