မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ နှင့် ပစ္စည်းများကို နေပြည်တော်ရှိ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံး များသို့ စေတနာ ရှင်ပြည်သူများထံမှ (၅-၈-၂၀၁၅) ရက်နေ့အထိ အလှူငွေနှင့် ပစ္စည်းများလာရောက် လှူဒါန်းမှုသတင်း။

မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင်‌့ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျှက်ရှိရာ (၅-၈-၂၀၁၅)နေ့တွင် နေပြည်တော်အလှူခံဌာန၌ အလှူငွေကျပ် (၆၁၅,၆၈,၃၀၀/-)၊ အမေရိကန်ဒေါ်လာ(၂၀)နှင့် အလှူပစ္စည်းဖြစ်သည့် ဆန်၊ ခေါက်ဆွဲခြောက်၊ အ၀တ်အထည်များကို အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န် ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဘုန်းဆွေ နှင့် အမျိုး သားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချ ထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န်တာ၀န်ခံ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်တို့က လက်ခံရယူကာ ကျေးဇူးတင်စကားများပြန်လည်ပြောကြားပြီး ဂုဏ်ပြု မှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင် ပြည်သူများထံမှ (၅-၈-၂၀၁၅) ရက်နေ့အထိ လှူဒါန်းသည့် အလှူငွေရရှိမှုစာရင်းကို အောက်ပါဇယားတွင်လေ့လာနိုင်သည်-

ရေဘေးအလှူငွေရရှိမှုစာရင်း

 

 

Sign Up

Upcoming Events