ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၁၇) ရက်နေ့တွင် လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာတွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးနှင့် ပတ်သက်သော လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအားရှင်းလင်းပြောကြားခြင်းနှင့် DAN Mobile Application Sticker များဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၇၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)