ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၁၇) ရက်နေ့တွင် ကရုဏာကျိုင်းတုံရုံးတွင် သဘာဝဘေးအသိပညာပေးသင်တန်းအား နံနက် (၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီအချိန်ထိ ပို့ချဆွေးနွေးခဲ့ပါသည်။ အဆိုပါသင်တန်းတွင် သဘာဝဘေးအရေးပေါ်တုံ့ပြန် ဆောင်ရွက်ခြင်းဝေါဟာရများ၊ သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေဆန်းစစ်အကဲဖြတ်ခြင်း၊ Group Work ဆောင်ရွက်စေခြင်းနှင့် ပြန်လည်ဆွေးနွေးတင်ပြခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ တက်ရောက်သူဦးရေ (၂၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)