ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီဌာန လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၂ -၂၀၁၇)နေ့တွင် ရပ်ကွက်(၁) ဘူတာလမ်းရှိ မိုဘိုင်းဖုန်းဆိုင်များသို့သွားရောက်ကာ သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး/လက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ DAN Mobile Application Sticker များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)