ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ ကျုံသွတ်တညီကျေးရွာအုပ်စု၊ ကွက်သစ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၂-၂၀၁၇) ရက်နေ့ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအချိန်ထိ ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ ကျုံသွတ်တညီကျေးရွာအုပ်စု၊ ကွက်သစ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းမှ ကလေးများအား သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်းသည့် အသိပညာများအား ဟောပြောပို့ချခဲ့ပြီး လက်ကမ်းစာစောင်များဝေငှ၍ နံရံကပ်ပိုစတာများပေးအပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ ကျောင်းသား/သူ ဦးရေ (၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။

Source:            ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events