လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် တာ၀န်ရှိသူများလိုက်ပါလျှက် ဇွန်လ (၁၈) ရက်နေ့ ဧရာ၀တီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာ ဘိုးဘွားရိပ်သာဖွင့်ပွဲနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနား

ဧရာ၀တီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာ ဘိုးဘွားရိပ်သာဖွင့်ပွဲနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါကျေးရွာ၊ အ.ထ.က ကျောင်း စိန်ရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က အဖွင့်မှာစကားပြောကြားရာတွင် ကျုံကူးကျေးရွာ ဘိုးဘွားရိပ်သာကို သာမန်အချိန်၌ ဘိုးဘွားရိပ်သာအဖြစ် အသုံးပြုပြီး သဘာ၀ဘေးကျရောက်ခဲ့ပါက ခိုလှုံရာအဆောက်အဦ (Community Shelter) အဖြစ် အသုံးပြုရန်အတွက် ၀န်ကြီးဌာန အနေဖြင့် သိန်း(၅၀၀)ကျပ် နှင့် သွပ်အချပ်(၂၇၀) လှူဒါန်းခဲ့ပါကြောင်း၊ ဒီလိုလှူဒါန်းခဲ့ခြင်းဟာ နိုင်ငံတော် သမ္မတကြီးချမှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဧရာ၀တီတိုင်းဒေသကြီး အတွင်းအကောင် အထည်ဖော်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်ကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ အဖြစ်မှ လွတ်မြောက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေခြင်းဖြစ်တဲ့အပြင် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို တတ်အားသမျှ ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါကြောင်း၊ ဆက်လက်ပြီးတော့လည်း ကျုံကူးကျေးရွာ ဘိုးဘွားရိပ်သာကို ၀န်ကြီးဌာနမှ ပထမအဆင့် ဘိုးဘွာရိပ်သာအဖြစ် အသိအမှတ်ပြုပေးပြီး နည်းပညာနှင့် ထောက်ပံ့ငွေတို့ကို နှစ်စဉ်ထောက်ပံ့သွားမှာလည်း ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။ ဆက်လက်၍ ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဒေါ်ခင်စောမူက အမှာစကားပြောကြားပြီး အလှူငွေများအား ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီ ၀င်များထံ ပေးအပ်လှူဒါန်းပါသည်။

အစီအစဉ်အရ ပြည်ထောင်စု၀န်ကြီးနှင့် တာ၀န်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဘိုးဘွားရိပ်သာ ကမ္ဗည်းမော်ကွန်းအား နံ့သာရည်များဖြင့် ပက်ဖျန်းပေးကာ အဘိုးဆောင်၊ အဘွားဆောင်တို့အား လှည့်လည်ကြည့်ရှု၍ အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါကြောင်း သိရှိရပါသည်။

 

Sign Up

Upcoming Events