လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် တာ၀န်ရှိသူများလိုက်ပါလျှက် ဇွန်လ (၁၃) ရက်နေ့မှ(၁၅)ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနလုပ်ငန်းများဆောင်ရွက်ချက်

 လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ြပည်ထောင်စုဝန်ကြီး၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ ဥက္ကဌဒေါက်တာဒေါ်ြမတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျှက် ဇွန်လ(၁၃)ရက်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးဖျာပုံမြို့၊ အမှတ် (၁၅)ရပ်ကွက်၊ အောင်မာဃ (၄)လမ်းနှင့် အမှတ်(၁၄)ရပ်ကွက်၊ ဓမ္မသုခကွန်ကရစ်လမ်းများ ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ပြီးဖဲကြိုးြဖတ်ဖွင့်လှစ်ပေးကာ အဖွင့်အမှာစကား‌ြေပာကြား၍ ဂရုဏာရှင် လူမှု ကူညီရေးအသင်းအတွက် ထောက်ပံ့ငွေပေးအပ်ပါသည်။ နေ့လည်ပိုင်းတွင် ဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးထားသော အပြည်ပြည်ဆိုင်ရာသက်ကြီးသူများ စောင့်ရှောက်ရေးအဖွဲ့ (Help Age Ineternational)နှင့် ပူးပေါင်း၍ (၁၈)ရပ်ကွက်နှင့်(၁၉)ရပ်ကွက် အတွင်းရှိ အသက်(၇၀)နှစ်နှင့်အထက် သက်ကြီးဝါကြီးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးသူငယ်များအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး ကနဦးစီမံချက်ထောက်ပံ့ငွေ ပေးအပ်ပွဲသို့ တက်ရောက်အားပေးပါသည်။

           ဇွန်(၁၄)ရက်နေ့တွင် အမာမြို့၊ ဆိတ်မကျေးရွာသို့ ကွင်းဆင်း၍ ဆိတ်မ-နောက်မီးကျေးရွာချင်းဆက် ကွန်ကရစ်လမ်းနှင့် ဆိတ်မကျေးရွာအတွင်း ကွန်ကရစ်လမ်းများဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အဖွင့်အမှာစကား‌ြေပာကြားပြီး ကျေးရွာ(၇)ရွာအတွက် မိသားစုသုံးပစ္စည်း များနှင့် ဦးအောင်ဇော်မြင့် + ပြည်ထောင်စုဝန်ကြီး ဒေါက်တာြမတ်မြတ်အုန်းခင် မိသားစုမှ အ.ထ.က (ခွဲ) အတွက်စာသင်ခုံများပြုလုပ်ရန်ထောက်ပံ့ငွေပေးအပ်ပါသည်။ထို့နောက်ပတ်ပြဲကျေးရွာ၊ ြမတ်ခါးကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ ဝဲကြီးဝါးချောင်းကျေးရွာ၊ ကမာပိုကျေးရွာများ၌ အဝတ်အထည်များ ထောက်ပံ့ပေး ပါသည်။

    ဇွန် (၁၅)ရက်နေ့တွင် ဂျိုဝါကျောက်ရဲကျေးရွာသို့ ကွင်းဆင်း၍ ရွာလုံးကျွတ်မီးလင်းရေးအတွက် အင်ဂျင်မီးစက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီးဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အဖွင့်အမှာစကား‌ ြေပာ ကြား၍ ကျေးရွာ(၄)ရွာအတွက် အဝတ်အထည်များနှင့် မိသားစုသုံးပစ္စည်းများ ထောက်ပံ့ပေးပါသည်။ နေ့လည်ပိုင်းတွင် မအူပင်မြို့သို့ရောက်ရှိ၍ အမှတ်(၇)ရပ်ကွက်၊ခိုင်နှင်းဆီလမ်းနေအဘိုးဦးဖိုးမှန် အသက် (၁၀၂) နှစ်နေအိမ်သို့ ကိုယ်တိုင်သွားရောက်ပြီးဂုဏ်ပြုလွှာနှင့် ချီးမြှင့်ငွေ (၂) သိန်းကျပ်ကို နိုင်ငံတော် ကိုယ်စား ထောက်ပံ့ပေးခဲ့ပါသည်။

   ဆက်လက်၍ ဟင်္သာတမြို့သို့ သွားရောက်ကာမြန်မာနိုင်ငံဧ။် ပထမဆုံးသဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းကျောင်းကိုစက်တင်ဘာလ၌ ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ဆောင်၊ သင်တန်းသား/ သင်တန်း သူအိပ်ဆောင်၊ အုပ်ချုပ်မှုဆောင်၊ အရာထမ်း/အမှုထမ်းအိမ်ရာ၊ မုဒ်ဦး၊ ြခံစည်းရိုးစသည်တို့ကို ကြည့်ရှု စစ်ဆေးြပီးစားရိပ်သာ၊ သင်တန်းခန်းမကြီးနှင့် ဧည့်သည်စာသင် ဆရာ/ဆရာမများအဆောင် ဆောက် လုပ်မည့် မြေနေရာတို့ကိုသတ်မှတ်ပေး၍ လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါ သည်။

Sign Up

Upcoming Events