(၈-၆-၂၀၁၅) ရက်နေ့၊ မွန်းလွဲ (၀၂း၀၀) နာရီအချိန်တွင် ဂန့်ဂေါမြို့နယ်၊ ပိုဦးကျေးရွာတွင် လေဘေး သင့်ပြည်သူများကို ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း

        ဂန့်ဂေါမြို့နယ်၊ ပိုဦးကျေးရွာတွင် မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနက လေဘေးသင့် အိမ်ထောင်စုများထံ ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ပွဲကို ယခုလ (၈) ရက် မွန်းလွဲ (၂) နာရီက ယင်းကျေးရွာ ရွာဦးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်က ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်း လင်းပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးသန်းထက်အောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ဒုတိယလဝကမှူး ဒေါ်မြင့်မြင့်ဝင်းတို့က တက်ရောက်လာကြသည့် လေဘေးသင့်အိမ်ထောင်စု ၃၉ စုထံသို့ ကယ်ဆယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ဂန့်ဂေါမြို့နယ်၊ ပိုဦး ကျေးရွာတွင် ယခုလ (၁) ရက်က လေပြင်းတိုက်ခတ်ခဲ့သောကြောင့် ပိုဦးကျေးရွာအနီး ကွမ်းဇဲချောင်း လူကူးတံတားမှာ ကြမ်းခင်းဆိုင်းကြိုးတစ်ချောင်း ပြတ်တောက်သွားပြီး အလျားပေ (၃၀) ခန့် အခင်း သံပြားငယ်များတွန့်လိမ်သွားကာ ပျက်စီးခြင်းနှင့် သွပ်မိုးအိမ် (၁၉) လုံး၊ ဝါးကပ်မိုးအိမ်အလုံး (၂၀) တို့ အမိုးလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

Sign Up

Upcoming Events