လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် တာ၀န်ရှိ သူများလိုက်ပါလျှက် ဇွန်လ (၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဓနုမြေ ဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး အဘိုးအဘွားများအား အသုံးအဆောင်ပစ္စည်းများ လှူဒါန်း ကန်တော့ပြီး ဘိုးဘွားရိပ်သာအတွက် (၄.၂) သိန်း ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်း (၅) ကျောင်းအတွက် သိန်း (၃၀) နှင့်သင်ထောက်ကူပစ္စည်းများ သာမာန်အချိန်တွင် ဓမ္မာရုံအဖြစ် အသုံးပြုပြီး သဘာဝဘေး ဖြစ်ပွားလာပါက ဘက်စုံသုံးခိုလှုံရာရန်နေရာ (Community Shelter) အတွက် သွပ် (၁၈၀) ချပ်နှင့် သွပ်ရိုက်သံများတို့ကို ဒေသဦးစီးဥက္ကဌ၊ ဦးထူးကိုကိုနှင့် သက်ဆိုင်သူများထံ ထောက်ပံ့ပေးပါသည်။ ဆက် လက်၍ အောင်ပန်းမြို့ မူကြိုကျောင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မုခ်ဦးအားဖဲကြိုးဖြတ်၍ ဆိုင်း ဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပါသည်။ ထို့နောက် အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုပြီး တွေ့ဆုံပွဲ၌ အမှာစကားပြောကြားပြီး သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးပါသည်။ ထို့နောက် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့သို့ရောက်ရှိ၍ ဟိုပုံးမြို့ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်း ဖွင့်ပွဲအခမ်း အနား၌ မုခ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ အဆောက်အဦအတွင်းလှည့်လည်ကြည့်ရှု၍ အဖွင့်အမှာစကားပြောကြားပြီး ဒေသဦးစီး ဥက္ကဌ ဦးစံလွင်က ရှင်းလင်းတင်ပြပါသည်။ အစီအစဉ်အရ ဝန်ကြီးဌာနအနေဖြင့် ထောက်ပံ့ငွေ (၆) သိန်းနှင့် သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးအပ်ပါသည်။ ဇွန်လ (၇) ရက်နေ့တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော ရှမ်းပြည်နယ်အတွင်း ထပ်မံပေးပို့ သော အသက် (၁၀၀) နှစ်နှင့်အထက်သက်ကြီးဝါကြီးများကို ဂုဏ်ပြုလွှာနှင့် ချီးမြှင့်ငွေများ ပေးအပ်ခြင်း စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၊ ထောက်ပံ့ငွေပေးအပ်ပွဲ၊ လူမှုစောင့် ရောက်ရေးနှင့်သဘာဝဘေးလျော့ပါးရေး စေတနာဝန်ထမ်းလူငယ်များမွမ်းမံ သင်တန်း (၈/၂၀၁၅) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပါသည်။ အစီအစဉ်အရ ရှမ်းပြည် နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်ကအမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် အကြောင်း ရှင်းလင်းပြောကြားပါသည်။ ထို့နောက်အခမ်းအနားသို့ မတက်ရောက်နိုင်သော တာချီလိတ် မြို့နယ်နှင့် မှိုင်းပျဉ်းမြို့နယ်များမှ အသက် (၁၀၀) နှစ်နှင့် အထက် သက်ကြီးဝါကြီး (၃) ဦးအတွက် ဂုဏ်ပြု လွှာများနှင့် ထောက်ပံ့ငွေ (၆) သိန်းကျပ်ကို ပြည်နယ်လူမှုရေး ဝန်ကြီးဒေါက်တာ မျိုးထွန်းထံသို့ ပေးအပ်ပါ သည်။ ၄င်းနောက်ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ဘိုးဘွားရိပ်သာ (၂) ခု၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ (၁၉) ခု၊ အမျိုးသမီးဂေဟာ (၁) ခု၊ မသန်စ္ပမ်းဂေဟာ (၁) ခုနှင့် ကိုယ့် အားကိုယ်ကိုး မူလတန်းကြို ကျောင်း (၆၇) ကျောင်းတို့အတွက် ( ၁၆၀၈.၄၇) သိန်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ဘိုးဘွား ရိပ်သာ (၁) ခု၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ (၉)ခုနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၂၈) ကျောင်းတို့အတွက် (၅၄၈.၇၄) သိန်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ ဘိုးဘွားရိပ်သာ (၁) ခု၊ လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ (၄)ခု၊ မသန်စ္ပမ်းဂေဟာ (၁) ခု၊ နှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၂၆) ကျောင်းတို့အတွက် (၃၄၅.၇) သိန်း၊ စုစုပေါင်း ကျပ်သိန်းပေါင်း (၂၄၇၂.၉၁) သိန်းကို သက်ဆိုင်သူ များထံထောက်ပံ့ပေးပြီး ဂေဟာအုပ်ချုပ်ရေးမှူး တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ မွမ်းမံ သင်တန်းပို့ချနေမှုကို ကြည့်ရှုအားပေးပါသည်။ ဆက်လက်၍ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်နေ အဘွား ဒေါ်လှရွှေ၊ အသက် (၁၀၁) နှစ် နေအိမ်သို့ သွားရောက်ပြီး ဂုဏ်ပြုလွှာချီးမြှင့်ငွေ (၂) သိန်းကျပ်နှင့် ဝန်ကြီး ဌာနမှ အသုံးအဆောင်ပစ္စည်းများကို နိုင်ငံတော်ကိုယ်စား ထောက်ပံ့ပေးပြီး မိသားစုဝင်များကို ဂုဏ်ယူ ဝမ်းမြောက်စကား ပြောကြားပါသည်။
ဂုဏ်ပြုခံအဘွား၏ဆုတောင်းမေတ္တာများပြန်လည်ပို့သပုံကိုယခုလိုကြားသိခဲ့ရပါတယ်……..