လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် သည် တာ၀န်ရှိသူများလိုက်ပါလျှက် မေလ(၂၃)ရက်နေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်နေ အဘွား ဒေါ်လှတင် (၁၀၁)နှစ်နှင့် အလုံမြို့နယ်နေ အဘိုး ဦးပန်းမြ(၁၀၁)နှစ်တို့၏ နေအိမ်များသို့ ကိုယ်တိုင်သွားရောက်၍ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုးသော ဂုဏ်ပြုလွှာနှင့် နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စု၀န်ကြီးများနှင့် ဒုတိယ၀န်ကြီးများ၏ ချီးမြှင့်ငွေ (၂၅)ရာခိုင်နှုန်းမှ ထောက်ပံ့ငွေ(၂)သိန်းကျပ်စီနှင့် ၀န်ကြီးဌာနမှ အသုံးအဆောင်ပစ္စည်းများကို နိုင်ငံတော်ကိုယ်စား ကန်တော့ ပေးအပ်ပြီး မိသားစု၀င်များကို ဂုဏ်ယူ၀မ်းမြောက်စကား ပြောကြား ပါသည်။
ဆက်လက်၍ အ.ထ.က(၄) အလုံ၌ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင်အတွင်း ထပ်မံပေးပို့သော အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီး၀ါကြီးများကို ဂုဏ်ပြုလွှာနှင့် ချီးမြှင့်ငွေများပေးအပ်ခြင်း၊ စေတနာ့၀န်ထမ်း အဖွဲ့အစည်းများအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၊ ထောက်ပံ့ငွေပေးအပ်ပွဲ၊ လူမှုစောင့်ရှောက်ရေးနှင့် သဘာ၀ဘေးလျော့ပါးရေး စေတနာ့ ၀န်ထမ်းလူငယ်များ မွမ်းမံသင်တန်း (၆/၂၀၁၅)ဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက်အမှာစကား ပြောကြားပါသည်။ အစီအစဉ်အရ တိုင်းဒေသကြီး လူမှုရေး၀န်ကြီး ဒေါက်တာဦးမြင့်သိန်းက အမှာစကား ပြောကြားပါသည်။ ထို့နောက် ကိုယ်တိုင်တက်ရောက်ကြသော ဒေါ်လှခင်(၁၀၃)နှစ်၊ ဒေါ်ထွေး(၁၀၁)နှစ်၊ ဒေါ်ကြွေ(၁၀၂)နှစ်၊ ဒေါ်ထူး(၁၀၁)နှစ်၊ ဒေါ်ဘီ(၁၀၅)နှစ်၊ ဦးသန်းတင်(၁၀၅)နှစ်၊ ဒေါ်ကြူးဆင်(၁၀၅)နှစ် နှင့် ဒေါ်သန်းမြင့်(၁၀၈)နှစ်တို့အား ဂုဏ်ပြုလွှာများနှင့် ထောက်ပံ့ငွေ(၂)သိန်းကျပ်စီ နှင့် အသုံးအဆောင် ပစ္စည်းများကို နိုင်ငံတော်ကိုယ်စား ကန့်တော့ပေးအပ်ပါသည်။ ထို့နောက် အခမ်းအနားသို့ မတက်ရောက်နိုင်သော သက်ကြီး၀ါကြီးများ၏ အတူနေမိသားစု၀င်များကို ဂုဏ်ပြုလွှာနှင့် ချီးမြှင့်ငွေများအား ပေးအပ်ပြီး အဘွားတစ်ဦးမှ ဆုတောင်းမေတ္တာများ ပြန်လည်ပို့သပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စု၀န်ကြီး၊ တိုင်းဒေသကြီးလူမှုရေး၀န်ကြီးနှင့် အမြဲတန်းအတွင်း၀န် ဦးစိုးအောင်တို့က အနောက်ပိုင်းခရိုင်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ(၅)ခု၊ မသန်စွမ်းပရဟိတဂေဟာ(၂)ခု၊ ဘိုးဘွားရိပ်သာ(၁)ခု၊ အမျိုးသမီးဂေဟာ(၁)ခုနှင့် ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်း (၁၀)ကျောင်း တို့အတွက် (၈၇၂.၃၄)သိန်း၊ တောင်ပိုင်းခရိုင်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ(၉)ခု၊ ဘိုးဘွားရိပ်သာ(၅)ခုနှင့် ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်း(၈) ကျောင်းတို့အတွက် (၉၂၁.၁၉)သိန်း၊ မြောက်ပိုင်းခရိုင်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ(၃၃)ခု၊ မသန်စွမ်းပရဟိတာဂေဟာ(၁)ခု၊ ဘိုးဘွားရိပ်သာ(၂)ခုနှင့် ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်း(၃၃)ကျောင်းတို့ အတွက် (၁၁၅၆.၀၃)သိန်း၊ စုစုပေါင်းကျပ်သိန်းပေါင်း(၂၉၄၉.၅၆)သိန်းကို သက်ဆိုင်သူများထံ ထောက်ပံ့ပေးပြီး ဂေဟာအုပ်ချုပ်ရေးမှူး တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။