လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ လူမှု ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာ၀န်ရှိသူများလိုက်ပါလျှက် မေလ(၂၁)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဂုံညင်းတန်းကျေးရွာသို့ ကွင်းဆင်း၍ ရွာလုံးကျွတ် မီးလင်းရေးအတွက် ၀န်ကြီးဌာနမှ လှူဒါန်းထားသော အသံလုံအင်ဂျင်မီးစက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကျေးရွာသူ/ကျေးရွာသားများနှင့် တွေ့ဆုံ၍ ဂုံညင်းတန်းကျေးရွာနှင့် ကျုံစုတ်ကျေးရွာများအတွက် Family Kit ပုံများ၊ သက်ကြီး၀ါကြီးများအတွက် အသုံးအဆောင်ပစ္စည်းများ၊ အင်ဂျင်မီးစက်ပြုပြင်ထိန်းသိမ်း စရိတ်တို့ကို ထောက်ပံ့ပေးပါသည်။ ထို့နောက် ကျုံကူကျေးရွာမူကြိုကျောင်းနှင့် ဖျာပုံမြို့မူကြိုကျောင်းများသို့ သွားရောက်၍ ရပ်မိရပ်ဖများ၊ မိဘများနှင့် တွေ့ဆုံကာ ရှေးဦးအရွယ်ကလေး သူငယ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအကြောင်း ရှင်းလင်း ဆွေးနွေးပါသည်။၄င်းနောက် လိပ်ဥကုန်းဘုန်းတော်ကြီးကျောင်း၌ (၁၈)ရပ်ကွက်နှင့် (၁၉)ရပ်ကွက်အတွင်းရှိ ကိုယ်၀န်ဆောင်မိခင်များ၊ အသက်(၂)နှစ်အောက်ကလေးများနှင့် တွေ့ဆုံပြီး၀န်ကြီးဌာနနဲ့ နားလည်းမှု စာချွန်လွှာရေးထိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးသူများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (Help Age International) နဲ့ ပူးပေါင်း၍ ဆောင်ရွက်သွားမည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားပြီး အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးပါသည်။
မေလ(၂၂)ရက်နေ့တွင် ဖျာပုံမြို့၊ သီရိအဏ္ဏ၀ါခန်းမ၌ ကျင်းပသော ဖျာပုံခရိုင်အတွင်း စေတနာ့၀န်ထမ်း အဖွဲ့အစည်းများအား ၂၀၁၅-၂၀၁၆ဘဏ္ဍရေးနှစ်ထောက်ပံ့ငွေ ပေးအပ်ပွဲ၊ လူမှု စောင့်ရှောက်ရေးနှင့် သဘာ၀ဘေးလျော့ပါးရေး စေတနာ့၀န်ထမ်းလူငယ်များ မွမ်းမံသင်တန်း အမှတ် စဉ်(၅/၂၀၁၅)ဖွင့်ပွဲ၊ ဆိုလာမီးအိမ်များနှင့် အပေါ့စားမီးသတ်စက်များ ထောက်ပံ့ပွဲအခမ်းအနားသို့ တက် ရောက်ပြီး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများ၊ စေတနာညကျောင်း၊ လေဘေးသင့်နှင့် မီးဘေးသင့်ပြည်သူများအတွက် စုစုပေါင်း ငွေသား ကျပ်သိန်းပေါင်း(၅၂၅.၀၂)သိန်းနှင့် သင်ထောက်ကူပစ္စည်းများ၊ ဆိုလာပါ၀ါများ၊ မီးဘေးကာကွယ်ရေးအတွက် အပေါ့စားမီးသတ်စက်များကို သက်ဆိုင်သူများထံထောက်ပံ့ပေးပြီး ဂေဟာအုပ်ချုပ်ရေးမှူး တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။ ဆက်လက်၍ ထန်းပင်ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ် ထားသော လူမှုစောင့်ရှောက်ရေးနှင့် သဘာ၀ဘေးလျော့ပါးရေးစေတနာ့၀န်ထမ်းလူငယ်များမွမ်းမံ သင်တန်း (၅/၂၀၁၅)သို့သွားရောက်ပြီး လူငယ်မောင်မယ်(၁၀၀) အားပေးစကားပြောကြားပြီး ခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးရုံး၌ အရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြော ကြားပါ သည်။ထို့နောက်ဒေးဒရဲမြို့သို့ရောက်ရှိ၍ အခမဲ့စာသင်စာကျက်ဝိုင်းစေတနာညကျောင်းသို့ သွား ရောက်ပြီး ကျောင်းသား/ကျောင်းသူများကို အားပေးစကားပြောကြားကာအသုံးအဆောင်ပစ္စည်းပေးအပ်ပါသည်။ ထို့ နောက် သံတန်ဆောင်းဘုရားကြီး၌ ကျေးရွာ(၄)ရွာ၌ရွာလုံးကျွတ်မီးလင်းရေးအတွက် အင်ဂျင်မီးစက်များ ထောက်ပံ့ရန် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရှိရပါသည်။