ယခုအချိန်ကာလသည် မြန်မာနိုင်ငံအနေဖြင့် မိုးဦးကာလမုန်တိုင်းရာသီဖြစ်ပြီး မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့်ဘေးအန္တရာယ်များကို အထူးသတိထားရမည့် အချိန်ကာလဖြစ်ပြီး အချိန် မရွေးဖြစ်ပွားနိုင်သည့် ငလျင်ဘေးအန္တရာယ်နှင့် ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်နိုင်သည့် ဆူနာမီဘေးအန္တရာယ်များအတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လိုအပ်သည်နှင့်အညီ အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းမှ ပြည်သူလူထုကိုယ်တိုင်ပါဝင်သည့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံတဝန်း တိုင်းဒေသကြီး/ပြည်နယ်၊ခရိုင်၊မြို့နယ်အလိုက် ဒေသအတွင်းဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှု များနှင့်အတူ ဇာတ်တိုက်လေ့ကျင့်ခန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း၏ လမ်းညွှန်ချက်နှင့်အညီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ မွန်ပြည်နယ် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု ကော်မတီအနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၊ ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် IOM အဖွဲ့တို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ် တိုက်လေ့ကျင့်မှုအား (၁၀-၅-၂၀၁၅)ရက်နေ့ (၀၇း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊အလှပ်ကျေးရွာ တွင် ဂပြုလုပ်ခဲ့ပါသည်။
မုန်တိုင်းအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုတွင် မွန်ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ (၆)ဦး၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီ ဝင် (၁၀)ဦး၊ ပေါင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ (၃၀)ဦး၊ ပေါင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး၊ ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှ (၂၀)ဦး၊ ကြက်ခြေနီ(၁၅)ဦး၊ အလှပ်ကျေးရွာမှ သဘာဝဘေးဆိုင်ရာအဖွဲ့ဝင် (၃၀) ဦး၊ IOM အဖွဲ့ (၃)ဦး၊ NGO (၁၁)ဦး၊ အလှပ်ကျေးရွာရှိ ပြည်သူများ (၃၀၀)ဦး၊ စုစုပေါင်း (၄၄၅)ဦး ပါဝင် ဆောင်ရွက်ခဲ့ပါသည်။
ဘေးလွတ်ရာခိုလှုံရာနေရာသို့ရွှေ့ပြောင်းမှုအနေဖြင့် ဇာတ်တိုက်လေ့ကျင့်မှုတွင် ပါဝင်ဆောင်ရွက်သူများအား ထော်လာဂျီ (၈)စီး၊ မော်တော်ဆိုင်ကယ် (၂၄)စီးဖြင့် တာဝန်ရှိသူများမှ ကြိုတင်သတ်မှတ်ထားပြီးဖြစ်သည့် ဘေးလွတ်ကင်းရာ လမ်းကြောင်းများမှစနစ်တကျရွှေ့ပြောင်းပေးခဲ့ပါသည်။ ရွှေ့ပြောင်းခြင်းများ ဆောင် ရွက်ရာတွင် အချိန်(၁)နာရီခန့် ကြာမြင့်ခဲ့ပါသည်။
၂
မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို ပြုလုပ်ခဲ့ခြင်း အားဖြင့် ပင်လယ် ကမ်းစပ်တွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မုန်တိုင်းဘေး၊ ဆူနာမီဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေးချက်ရရှိပါက တစ်ဦးချင်း အလိုက်၊ မိသားစုအလိုက် ဆောင်ရွက်ရမည့်အချက်များကို သိရှိ နားလည်စေပြီး အချိန်တိုအတွင်း ဘေးလွတ်ရာနေရာများသို့ အချိန်မီရွှေ့ပြောင်းကယ်ဆယ်ဆောင်ရွက် နိုင်သည့် အကျိုးကျေးဇူးနှင့် ပြည်သူတစ်ဦးချင်း ဘေးဖြစ်ပွားချိန်တွင် လိုက်နာ ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ၊ စီမံခန့်ခွဲသူများ၏ တာဝန်ဝတ္တရားများကို ကဏ္ဍအလိုက် သိရှိသွားကြသည့် အပြင်အချိန်မီကယ်ဆယ်ဆောင်ရွက်နိုင်သည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါသည်။