လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် မေလ(၁၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးမှ သံအမတ်ကြီး H.E Mr. Daniel Zonshine နှင့်အဖွဲ့အားအဆိုပါ ၀န်ကြီးရုံး၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံခြင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် မေလ(၁၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးမှ သံအမတ်ကြီး H.E Mr. Daniel Zonshine နှင့်အဖွဲ့အားအဆိုပါ ၀န်ကြီးရုံး၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။
ယင်းသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံအမျိုးသားသဘာ၀ဘေးစီမံခန့်ခွဲမှု ဥပဒေပြဌာန်းထားရှိမှုနှင့် နည်းဥပဒေပါလုပ်ငန်းများ၊ အရေးပေါ်အခြေအနေကွပ်ကဲမှုဗဟိုဌာနဖွင့်လှစ်ထားရှိမှု၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ လူမှုစောင့်ရှောက်ရေးနှင့် သဘာ၀ဘေးလျော့ပါးရေး စေတနာ့လူငယ်သင်တန်းများဖွင့်လှစ်ထားရှိမှုအခြေအနေ၊ ၂၀၁၅ခုနှစ်၊ စက်တင်ဘာလတွင် စတင်ဖွင့်လှစ်မည့် မြန်မာနိုင်ငံ၏ ပထမဆုံး ဟင်္သာတမြို့ သဘာ၀ဘေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ အစ္စရေးနိုင်ငံမှ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးဆောင်ရွက်ပေးမည့်ကိစ္စရပ်များ၊ ကြီးမားသောသဘာ၀ဘေး အန္တရာယ်များဖြစ်ပွားမှုနှင့် ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုဆိုင်ရာ အဆင့်မြင့်သင်တန်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အဖွဲ့အစည်းနှစ်ခုအကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယ၀န်ကြီး ဒေါ်စုစုလှိုင်၊ အမြဲတန်းအတွင်း၀န်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Sign Up

Upcoming Events