မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ညောင်တွင်းကျေးရွာအုပ်စု၊ ညောင်တွင်း (ရှေ့) ကျေးရွာတွင် မီးကြွင်းမီးကျန်ကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ထောင်စု (၁) စု၊ ဘေးသင့်လူဦးရေ (၃) ဦးအား သေဆုံးကလေးငယ်အတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀) ကျပ်၊ ဒဏ်ရာရဆေးရုံတက် (၂) ဦးအတွက် ထောက်ပံ့ငွေ (၄၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၈၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် ပလပ်စတစ်ပုံး (၁) ပုံးတို့အား ၉-၁-၂၀၁၇ ရက်နေ့တွင် မြိုင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)