Category Archives: News
-
မောက်မယ်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောက်မယ်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၄၅) စု၊ လူဦးရေ (၂၀၉) ဦးအတွက် ဆန်ရိက္ခာ (၁၄) ရက်စာ (၈၇၇,၈၀၀) ကျပ်၊ ဆီဖိုး အိမ်ထောင်စု (၁) စုလျှင် (၁) ပိဿာနှုန်းဖြင့် (၁၈၀,၀၀၀) ကျပ်၊ ငါးသေတ္တာ အိမ်ထောင်စု (၁) စုလျှင် (၃) ဗူးနှုန်းဖြင့် (၉၀,၄၅၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁,၁၄၈,၂၅၀) ကျပ်တို့အား (၃၀-၅-၂၀၁၇) ရက်နေ့တွင် ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
မင်းဂံကယ်ဆယ်ရေးစခန်းတွင် လာရောက်ခိုလှုံသည့် မုန်တိုင်းဘေးသင့်ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာများ ပေးဝေမှုသတင်း
(၃၀-၅-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မင်းဂံကယ်ဆယ်ရေးစခန်း၌ လာရောက်ခိုလှုံကြသည့် မုန်တိုင်းဘေးသင့်ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာများကို ပေးဝေလျက်ရှိကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်း (၂၀၁၇ ခုနှစ်၊ မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန် ထုတ်ပြန်ချက်)
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၂)၊၂၀၁၇ ,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,, အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” (Severe Cyclonic Storm “Mora”) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့နှင့် ကော့ဘဇားမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်ပါသည်။ (ခ) အဆိုပါမုန်တိုင်း၏အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်း၊ … Read more
-
လောင်းလုံမြို့နယ် သဘော့ဆိပ်ကျေးရွာ၌ ဆိုင်ကလုန်းမုန်တိုင်း ဆောင်ရန်/ရှောင်ရန်များဟောပြောခြင်းနှင့် လက်ကမ်းစာစောင် နံရံကပ်ပိုစတာများဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဖြူဖြူဝင်းနှင့် ဝန်ထမ်းများသည် (၂၉-၅-၂၀၁၇)ည ရက်နေ့တွင် လောင်းလုံမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ ဘေးဒဏ်ထိခိုက်ခံရလွယ်သော လောင်းလုံမြို့နယ် သဘော့ဆိပ်ကျေးရွာ၌ ဆိုင်ကလုန်းမုန်တိုင်း ဆောင်ရန်/ရှောင်ရန်များ ဟောပြောခြင်းနှင့် လက်ကမ်းစာစောင် နံရံကပ်ပိုစတာများဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြာင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ပန်လော့ကျေးရွာအုပ်စု၊ နမ့်ပြင်ကျေးရွာ၌ (၂၆-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သော ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား (၃၀-၅-၂၀၁၇) ရက်နေ့တွင် ထွေ/အုပ်မှ တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ မန်ကောင်းကျေးရွာ၊စန့်ဟိန်းကျေးရွာ၊ ကလောဝိုင်းကျေးရွာတို့၌ (၉-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် သေဆုံးခဲ့သော သေဆုံးသူ(၃) ဦးအတွက် တစ်ဦးလျှင် (၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၉၀၀,၀၀၀) ကျပ်တို့အား (၃၀-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ကွန်ကော်ကျေးရွာအုပ်စု၊ ကွန်ကော်ကျေးရွာ၌ (၂၆-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဒဏ်ရာရ လူနာတစ်ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်အား (၃၀-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး
-
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် (၂၀၁၇ ခုနှစ်၊ မေလ (၃၀) ရက်နေ့ မြန်မာစံတော်ချိန် (၁၀:၀၀) နာရီအချိန်ထုတ်ပြန်ချက်)
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ် (၁၁)၊၂၀၁၇ ,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,, အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” (Severe Cyclonic Storm “Mora”) သည် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့နှင့် ကော့ဘဇားမြို့ကြားမှ စတင်ဖြတ်ကျော် ဝင်ရောက် လျက်ရှိပါသည်။ (ခ) အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေရှ့်နိုင်ငံကမ်းခြေကို စစ်တကောင်း မြို့နှင့် ကော့ဘဇားမြို့ကြားမှ … Read more
-
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် (၂၀၁၇ ခုနှစ်၊ မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန် ထုတ်ပြန် ချက်)
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ်(၁၀)၊၂၀၁၇. ,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,, အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၇) ရက်နေ့တွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးကမ်းရပ်တွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်အကြောင်းအရာများအားဆွေးနွေးဟောပြောခြင်း၊ ဆောင်ရန်/ရှောင်ရန်များအားရှင်းလင်းပြောကြားခြင်း၊ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် ဆပ်ပြာမှုန့်ထုပ်များဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)









