Category Archives: News
-
ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ သဒ္ဓမ္မကျွန်းကျေးရွာ ၊သက္ကယ်တန်းကျေးရွာအုပ်စု၊ ဘုရားကျွန်းကျေးရွာ၊ သက္ကယ်ပြင်(သံ)ကျေးရွာအုပ်စု၊ ကညင်ရိုးကျေးရ
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားမချောင်ကျေးရွာနှင့် အထက်ကဇင်းတောကျေးရွာတို့တွင် (၁၄-၇-၂၀၁၇) ရက်နေ့မှ (၁၆-၇-၂၀၁၇) ရက်နေ့၌ မြစ်ရေမြင့်တက်လာသဖြင့် ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည့် နေအိမ် (၂၅) လုံး၊ အိမ်ထောင်စု (၂၅) စုမှ လူဦးရေ (၉၀)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀) မျိုး (၂၅) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂,၅၀၀,၀၀၀)၊ ဆန်ရိက္ခာ(၇) ရက်စာ (၁၈၉,၀၀၀)၊ စုစုပေါင်းရန်ပုံငွေ (၂,၆၈၉,၀၀၀) ကျပ်တို့အား (၁၇-၇-၂၀၁၇) ရက်နေ့တွင် ပန်းတနော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
ချောင်းဆုံမြို့နယ်၊ ကရင်ဝင်းစိန်ကျေးရွာအုပ်စု၊ မွတ်စလင်စုကျေးရွာ၌ လေပြင်းတိုက်ခတ်ပြီး သစ်ပင်ပြိုလဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ် (၁) လုံးအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၁၈-၇-၂၀၁၇) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ကရင်ဝင်းစိန်ကျေးရွာအုပ်စု၊ မွတ်ဆလင်စုကျေးရွာ၌ လေပြင်းတိုက်ခတ်ပြီး သစ်ပင်ပြိုလဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ လူဦးရေ (၅) ဦးအတွက် ဆန်ရရက်စာဖိုးငွေ (၁၀၅၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) သိန်းတို့အား (၁၉-၇-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မြစ်ကြီးနားမြို့၊ ရေကြည်ရပ်ကွက်ရှိ နေခြည်လူငယ်ဖွံ့ဖြိုးဂေဟာနှင့် ရပ်ရွာပြည်သူများအတွက် ငွေကျပ် (၁၀) သိန်းတန်ဖိုးရှိ ကျွန်းသား စက်လှေ (၁) စီးအား ပေးအပ်မှုသတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရေကြည်ရပ်ကွက်ရှိ နေခြည်လူငယ်ဖွံ့ဖြိုးဂေဟာနှင့် ရပ်ရွာပြည်သူများအတွက် ရေကြီးနစ်မြှုပ်ပါက ကူညီကယ်ဆယ်မှုများ ဆောင်ရွက်နိုင်ရေးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ငွေကျပ် (၁၀) သိန်းတန်ဖိုးရှိ (၁၇) တောင် အရှည် အင်ဂျင်စက်ပါ ကျွန်းသား စက်လှေ (၁) စီးအား (၁၉-၇-၂၀၁၇) ရက်နေ့တွင် နေခြည်လူငယ်ဖွံ့ဖြိုးရေးဂေဟာမှူး ဦးဒီးဇီထံသို့ လွှဲပြောင်းပေးအပ်ထောက်ပံ့ခဲ့ပြီး ဖြစ်ပါကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄)၊၂၀၁၇ (၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့၊ မြန်မာစံတော်ချိန် (၆:၃၀) နာရီအချိန် ထုတ်ပြန်ချက်)
မုန်တိုင်းငယ်အခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၆:၀၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော သြရိဿကမ်းခြေနှင့် အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်း ကမ်းခြေ တို့တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ် (Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး သြရိဿကမ်းခြေတောင်ပိုင်းကို ပူရီမြို့ တောင်ဘက်အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်ပါသည်။
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃)၊၂၀၁၇ (၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်ထုတ်ပြန်ချက်)
မုန်တိုင်းငယ်အခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သြရိဿကမ်းခြေနှင့် အင်ဒရာပရာ ဒေ့ရှ် မြောက်ပိုင်းကမ်းခြေသို့ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့၏ အနောက်တောင်ဘက် (၂၅)မိုင်ခန့်၊ ဂိုလ်ပါပူမြို့၏ အရှေ့-အရှေ့မြောက်ဘက် မိုင်(၄၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား ပြီး၊ ယနေ့ညတွင် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေကို ပူရီမြို့နှင့် ဂိုလ်ပါပူမြို့တို့ အကြားမှ … Read more
-
မိုရာမုန်တိုင်းတိုက်ခတ်မှုကြောင့် မြေပုံမြို့နယ်အတွင်း ပျက်စီးခဲ့သော လူနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ငွေများလွှဲပြောင်းပေးအပ်မှုသတင်း
(၃၀-၅-၂၀၁၇) ရက်နေ့တွင် မိုရာမုန်တိုင်းတိုက်ခတ်မှုကြောင့် မြေပုံမြို့နယ်အတွင်း တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော (သွပ်မိုး/ပျဉ်ကာ) လူနေအိမ် (၁၄) လုံး၊ လုံးဝပျက်စီးသွားသော (ဓနိမိုး/ထရံကာ) လူနေအိမ် (၁၅) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော (ဓနိမိုး/ထရံကာ) လူနေအိမ် (၁၄) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော (သွပ်မိုး/ပျဉ်ကာ) ဘုန်းတော်ကြီးကျောင်း (၆) ကျောင်းအတွက် စုစုပေါင်းထောက်ပံ့ငွေ(၃၀၈၀၀၀၀ိ) ကျပ်တိတိအား (၁၈-၇-၂၀၁၇) ရက်နေ့တွင် မြေပုံမြို့နယ်အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သရက်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်၍ ဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်းပြီးဖြစ်သော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်၍ ဘေးလွတ်ရာနေရာသို့ (၁၇-၇-၂၀၁၇) ရက်နေ့ထိ ရွှေ့ပြောင်းပြီးဖြစ်သော အိမ်ထောင်စု (၁၉၄) စု၊ လူဦးရေ (၇၄၄) ဦးတို့အတွက် ဆန်(၇)ရက်စာဖိုးငွေ (၁၅၆၂၄၀၀) ကျပ်တိတိကို သရက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ (၁၈-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် မြို့မ (၁) ရပ်ကွက်နှင့် မြို့မ (၂) ရပ်ကွက်များမှ ထပ်တိုးပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုများ လွှဲပြောင်းပေးအပ်မှုသတင်း
မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် မြို့မ (၁) ရပ်ကွက်နှင့် မြို့မ (၂) ရပ်ကွက်များမှ (၁၀-၇-၂၀၁၇) ရက်နေ့မှ (၁၅-၇-၂၀၁၇) ရက်နေ့ထိ ထပ်တိုးပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု (၁၂၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၂၁) အိမ်ထောင်စာ၊ လူဦးရေ (၅၈၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂၂၈၅၀၀) ကျပ်တိတိအား (၁၈-၇-၂၀၁၇) ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)









