Category Archives: News
-
ရေစကြိုမြို့နယ်၊ ဆင်ခြေယာအုပ်စု၊ ဇရပ်နီကျေးရွာနှင့် မီးလောင်ကျွန်းကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာများမှ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၁၂-၇-၂၀၁၇) ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ဆင်ခြေယာအုပ်စု၊ ဇရပ်နီကျေးရွာ၌ မြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၁၇) ဦး ဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၃၅၇၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၅) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၅၃၅၇၀၀) ကျပ်တိတိနှင့် (၁၆-၇-၂၀၁၇) ရက်နေ့တွင် ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းကျေးရွာအုပ်စု၊ … Read more
-
လေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့်ရန်ပုံငွေကွင်းဆင်းထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)နှင့် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၇-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့ သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အမိုးအကာလန်ပျက်စီး နေအိမ်(၇)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၁၀၀၀၀ိ/-)၊ လူဦးရေ(၄၃)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၀၃၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေကျပ်(၄၀၀၃၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၇)ပုံး၊ Family Kits (၁)ပုံးတို့အား (၂၁-၇-၂၀၁၇) ရက်နေ့တွင် ပန်းတနော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ဘိုကလေးမြို့နယ်၊ ကျွန်းသာယာကျေးရွာအုပ်စု၊ ညောင်ပိတ်ကျေးရွာနှင့် ကွင်းဘုန်းကြီးကျေးရွာအုပ်စု၊ ဗန္ဓုလကျေးရွာများမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၁၇-၇-၂၀၁၇) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကျွန်းသာယာကျေးရွာအုပ်စု၊ ညောင်ပိတ်ကျေးရွာနှင့် (၁၈-၇-၂၀၁၇) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကွင်းဘုန်းကြီးကျေးရွာအုပ်စု၊ ဗန္ဓုလကျေးရွာတို့၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၂) လုံး ပြိုကျပျက်စီးခဲ့ပြီး လူဦးရေ (၅) ဦးဘေးသင့်ခဲ့ရာ အဆိုပါပြိုကျနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂) သိန်းကျပ်၊ ဘေးသင့်လူဦးရေ (၅) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ (၁၀၅၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၂၁၀၅၀၀) ကျပ်တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာတို့အား (၂၁-၇-၂၀၁၇) … Read more
-
ကံမမြိ့ုနယ််တွင်းဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့်ပြောင်းရွှေ့အိမ်ထောင်စုများထောက်ပ့ံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်တွင် ဧရာဝတီ မြစ်ရေမြင့်တက်၍ဘေးလွတ်ကင်းရာသို့ (၁၉.၇.၂၀၁၇) ရက်နေ့ထိရှွေ့ပြောင်းပြီးဖြစ်သော အိမ်ထောင် စု(၃၆၂)စု၊ လူဦးရေ (၁၃၂၇) ဦးတို့အတွက် ဆန်(၇)ရက်စာဖိုး (၂၇၈၆၇၀၀/)ကို (၂၁.၇.၂၀၁၇) ရက်နေ့က သွားရောက်ထောက်ပ့ံခဲ့ကြောင်း သတင်းရရှိပါသည်။ Source:သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆတ်သွားကျေးရွာအုပ်စု၊ ရှောပြာကုန်းကျေးရွာ၌ (၁၉-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၈)ဦးအတွက် Family Kits (၂၂) မျိုးပါ (၁)ပုံး၊ အိမ်ဆောက် ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ(၁၆၈၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၁၁၆၈၀၀ိ/-) အား(၂၁-၇-၂၀၁၇) ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source:ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
အောင်လံမြိ့ုနယ်တွင်းဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့်ပြောင်းရွှေ့အိမ်ထောင်စုများထောက်ပ့ံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင််ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြိ့ုနယ်တွင်း ဧရာဝတီမြစ်ရေမြင့်တက်၍ ဘေးလွတ်ကင်းရာသို့ (၁၈.၇.၂၀၁၇) ရက်နေ့ထိရှွေ့ပြောင်းပြီးဖြစ်သော အိမ်ထောင်စု (၂၅၃)စု၊ လူဦးရေ (၉၈၃) ဦးတို့အတွက် ဆန်(၇) ရက်စာဖိုး (၂၀၆၄၃၀၀/)ကို (၂၀.၇.၂၀၁၇) ရက်နေ့က သွားရောက်ထောက်ပ့ံခဲ့ ကြောင်း သတင်းရရှိပါသည်။Source:သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါင် မြို့နယ်၊ထန်းပင်ချောင်လေး ကျေးရွာ အုပ်စု ၊ကရင်စုကျေးရွာ တွင် (၁၈-၇-၂၀၁၇)ရက်နေ့ (၁၈း၃၀)ချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှု ကြောင့် နေအိမ်(၂)လုံး ပြိုကျ ပျက်စီးပြီး နေအိမ်(၁)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ ၊ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာတွင် (၁၉-၇-၂၀၁၇) ရက်နေ့ (၀၄း၁၅) ချိန် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂) လုံးတို့အတွက် ပြိုကျအိမ် (၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ (၂) ပုံး တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၃)လုံးအတွက် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၇.၂၀၁၇) နေ့တွင် ကသာမြို့နယ် ၊ ဒုံးအော့ကျေးရွာအုပ်စုဖြစ်သော မြိုင်သာယာကျေးရွာ၊ ဘန့်ဘွေးကုန်းကျေးရွာ၊ ဒုံးအော့ကျေးရွာများရှိ ကျေးရွာပြည်သူပေါင်း(၂၁၀)ကျော်အား သဘာဝဘေးဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်ခဲ့ပြီး ရေဘေး၊မီးဘေး၊ငလျင်ဘေး၊ မုန်တိုင်းဘေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန် လက်ကမ်းစာစောင်များ၊ ဗီနိင်းပိုစတာများဝေငှခြင်းများနှင့် DAN Mobile Application အသုံးပြုပုံတို့အား ကျေးရွာပြည်သူများထံသို့ဝေငှပေးခဲကြောင်း သတင်းရရှိပါသည်။Source: ကသာခရိုင်ဦီးစီးမှူးရုံး (ကဆရ)









