Category Archives: News
-
စလင်းမြိ့ုနယ်ကမ်းပြိုထောက်ပ့ံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြိ်ုနယ်၊အချင်းပြစ်ရွာနှင့်ရေလယ်ရွာမတို့မှဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ဘေးလွတ်ကင်းရာသို့(၁၈.၇.၂၀၁၇) ရက်နေ့ထိ ရှေ့ွပြောင်းပြီးအိမ်ထောင်စု (၈၇)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၈၇၀၀၀၀၀/) လူဦးရေ (၃၇၁)ဦးအတွက် ဆန်(၇)ရက်စာဖိုး (၇၇၉၁၀၀) စုစုပေါင်း (၉၄၇၉၁၀၀/)နှင့် ကယ်ဆယ်ရေးပစ္စည်း (၆)မျိုး (၈၇) အိမ်ထောင်စုစာတို့ကို (၂၁.၇.၁၇)ရက်နေ့ မြိ့ုနယ်အုပ်ချုပ်ရေးမှူး နှင်အတူလက်ဝယ်အရောက်ထောက်ပ့ံခဲ့ ကြောင်းသတင်းရ ရှိပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၁-၇-၂၀၁၇) ရက်နေ့ ဥတ္တရသီရိမြို့နယ်၊တောင်ညို (အ.ထ.က) ကျောင်းသို့သွားရောက်၍သေဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်ဆောင်ရန်ရှောင်ရန်အချက်များအားဟောပြောခဲ့ပြီးမိုးကြိုးဘေး၊မီးဘေး၊ငလျင်ဘေးတို့ကြုံတွေ့ရပါကမည်သို့တုံံ့ပြန်ရမည်များကိုသရုပ်ပြရှင်းလင်းခဲ့ပြီးလက်တွေ့လုပ်ဆောင်သရုပ်ပြခဲ့ရာကျောင်းသားကျောင်းသူများစိတ်ပါဝင်စားစွာတက်ရောက်နားထောင်ခဲ့ကြပြီးကျောင်းသားကျောင်းသူ (၅၁၀) ဦးတက်ရောက်ဗလာစာအုပ်၊ဘောလ်ပင်၊လက်ကမ်းစာစောင်၊ ဗွီနိုင်းပိုစတာများ ဖြန့်ဝေခဲ့ကြောင်း သတင်းရ ရှိပါသည်။Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် Gender mainstreaming သင်တန်း ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးနှင့် IRC တို့ပူးပေါင်း၍ (၂၁.၇ ၂၀၁၇) ရက်နေ့၌ ရှားတောမြို့နယ်၌ ရပ်ကျေးအုပ်စု အုပ်ချုပ်ရေးမှူး အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် Gender mainstreaming သင်တန်းကို ် ဖွင့်လှစ်ခဲ့ပါသည်။အဆိုပါသင်တန်း၊သင်တန်းကာလ (၃ )ရက်ကြာမြင့်မည်ဖြစ်ပြီး ရပ်ကျေးအုပ်စု အုပ်ချုပ်ရေးမှူး အပါအဝင် စိတ်ပါဝင်စားသူ ၁၆ ဦး သင်တန်းတက်ရောက်ခဲ့ကြောင်း သတင်းရ ရှိပါသည်။ Source းကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးသင့်အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၇-၂၀၁၇)ရက် လေဆင်နှာမောင်းမုန်တိုင်း တိုက်ခတ်မူကြောင့် ပေါက်တောမြို့နယ်၊ သပြေကန်ကျေးရွာတွင် လုံးဝပျက်စီး အိမ်ခြေ(၃)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၇) မျိုး (၃) အိမ်ထောင်စုစာ၊အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀/-)၊တစ်စိတ် တစ်ပိုင်းပျက်စီး (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၇)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး တစ်စိတ် တစ်ပိုင်းပျက်စီး (သွပ်မိုး/ပျဉ်ကာ)အိမ်ခြေ(၂)လုံးအတွက် (၁၀၀၀၀၀/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီး (ဓနိမိုး၊ ၀ါးကာ) အိမ်ခြေ (၅)လုံးအတွက် (၁၀၀၀၀၀/-)၊ ဘေးသင့်ပြည်သူ(၄၉)ဦး အတွက် ဆန်းရိက္ခာ(၇)ရက်စာဖိုး (၁၀၂၉၀၀/-)တို့အားပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ … Read more
-
ရေဘေးသင့် အိမ်ထောင်စုများထောက်ပ့ံမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး၊ ဦးသောင်းရွှေနှင့် သထုံခရိုင်ဦးစီးမှူး၊ဒေါ်လှကေသီမာတို့သည်(၂၀.၇.၂၀၁၇)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေကျဆင်းမှုကြောင့် ရေဝင်ခဲ့သည့်ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ ဇေယျာမွန်ရပ်ကွက်၊တောင်သူစုရပ်ကွက်နှင့် ဖက္ကလိပ်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ၊ စီမံကိန်၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီး၊ ဦးဝဏ္ဍကျော်နှင့်အတူလိုက်ပါ၍ ကြိုတင်ဆန်ရိက္ခာဖိုးငွေ (၁၈)သိန်းအား (၂၁.၇.၂၀၁၇)ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။Source: မွန်ပြည်နယ်ဦးစီးမှူး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၇.၂၀၁၇) နေ့တွင် ကသာမြို့နယ် ၊ ပုလွှေရွှေကျေးရွာအုပ်စု (ရေလည်ကျွန်းစု)တွင်ကျေးရွာပြည်သူပေါင်း(၁၂၀)ခန့် အား သဘာဝဘေးဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်ခဲ့ပြီး ရေဘေး၊မီးဘေး၊ငလျင်ဘေး၊ မုန်တိုင်းဘေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန် လက်ကမ်းစာစောင်များ၊ ဗီနိင်းပိုစတာများဝေငှခြင်းများနှင့် DAN Mobile Applicationအသုံးပြုပုံတို့အား ကျေးရွာပြည်သူများထံသို့ဝေငှပေးခဲဲ့ကြောင်း သတင်းရရှိပါသည်။Source: ကသာခရိုင်ဦီးစီးမှူးရုံး (ကဆရ)
-
မင်းလှမြိ့ုနယ််တွင်းဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့်ပြောင်းရွှေ့အိမ်ထောင်စုများထောက်ပ့ံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ဘေးလွတ်ကင်းရာသို့ (၁၉.၇.၂၀၁၇) ရက်နေ့ထိရှွေ့ပြောင်းပြီးဖြစ်သော အိမ်ထောင်စု(၁၀၂)စု၊ လူဦးရေ (၄၃၄) ဦးတို့အတွက် ဆန် (၇) ရက်စာဖိုး (၉၁၁၄၀၀/) ကို(၂၁.၇.၂၀၁၇) ရက်နေ့က သွားရောက်ထောက်ပ့ံခဲ့ကြောင်း သတင်းရရှိပါသည်။Source:သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မြစ်ရေမြင့်တက်မှုကြောင့် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၂ စုမှ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ခဲ့သည့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၂ စု၌ မြစ်ရေမြင့်တက်မှုကြောင့် ကယ်ဆယ်ရေးစခန်းများသို့ (၂၀-၇-၂၀၁၇) ရက်နေ့တွင် ပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁၂၇) လုံး၊ အိမ်ထောင်စု (၁၂၇) စုမှ လူဦးရေ (၄၇၀) ဦးအတွက် ဆန်ရိက္ခာ ၇ ရက်စာ ထောက်ပ့ံငွေ (၉၈၇၀၀၀) နှင့် first Aid kit (၁၀) အိတ်တို့အား (၂၁-၇-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူး … Read more









