Category Archives: News
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၉-၂၀၁၇) ရက်နေ့တွင် မိုင်းယောင်းမြို့နယ်၊ မိုင်းယောင်း အ.ထ.က ကျောင်း၌ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များအကြောင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ဆောင်ရန်/ရှောင်ရန်များ၊ ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသူ/သား စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၉-၂၀၁၇) ရက်နေ့တွင် မြဝတီမြို့၊အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် သဘာဝဘေး အန္တရာယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်ပြီး အခမ်းအနားတွင် မြဝတီခရိုင်ဦးစီးမှူး ရုံးတာဝန်ရှိသူများမှ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အကြောင်းအရာ များအား အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ အမှတ် (၅) ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း အမှတ်စဉ် (၈/၂၀၁၇) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၁၇) ရက်နေ့တွင် သထုံမြို့နယ်၊ သုဝဏ္ဏခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွား သင်တန်း အမှတ်စဉ် (၈/၂၀၁၇) ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးနှင့် သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးတို့ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သင်တန်းကာလမှာ (၂၅-၉-၂၀၁၇) ရက်နေ့မှ (၂၇-၉-၂၀၁၇) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းသို့ သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား/သင်တန်းသူ (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဘူးသီးတောင်မြို့ပေါ် စုရပ်စခန်း (၄) ခုသို့ ရောက်ရှိနေသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ARSA အစွမ်းရောက်အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မြို့ပေါ် စုရပ်စခန်း (၄) ခုသို့ ရောက်ရှိနေသည့် အိမ်ထောင်စု (၁၆၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၆၁) စုစာအား မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ (၂၅-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၉-၂၀၁၇) ရက်နေ့တွင် မိုင်းယောင်းမြို့နယ်၊ မိုင်းယောင်း အ.လ.က ကျောင်း၌ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များအကြောင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ဆောင်ရန်/ရှောင်ရန်များ၊ ဦးစီး ဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ များနှင့် ကျောင်းသူ/သားစုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ပုသိမ်မြို့၊ တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၌ (၂၅-၉-၂၀၁၇) ရက်နေ့၊ (၀၉းဝဝ) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)နှင့် ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနုတို့မှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သင်တန်းအား ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား/သင်တန်းသူ (၃၀) ဦးဖြင့် (၂၅-၉-၂၀၁၇) ရက်နေ့မှ (၂၇-၉-၂၀၁၇) ရက်နေ့အထိ (၃) ရက်ကြာ သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ARSA အကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်ပြန် အိမ်ထောင်စု (၄၀) စု၊ လူဦးရေ (၁၁၄) ဦးတို့အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး တာဝန်ရှိသူမျာမှ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၄၀) စာနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှလည်း တစ်ဦးလျှင် (၂၀,၀၀၀) ကျပ်နှုန်းတို့အား (၂၅-၉-၂၀၁၇) ရက် နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကလေးမြို့နယ်၊ တောင်ဦးကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့မှုသတင်း
ကလေးဒေသနှင့် ချင်းပြည်နည်မြောက်ပိုင်း၌ (၁၉-၉-၂၀၁၇) ရက်နေ့မှ (၂၁-၉-၂၀၁၇) ရက်နေ့ထိ ကလေးဒေသနှင့် ချင်းပြည်နည်မြောက်ပိုင်း၌ မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာ မြစ်သာမြစ်သည် စိုးရိမ်ရေမှတ်ထက်ကျော်လွန်မြင့်တက်လာသည့်အတွက် ကလေးမြို့နယ်၊ တောင်ဦးကျေးရွာရှိ ရေဘေးသင့်ပြည်သူများသည် ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ရေဘေးရှောင်ကြရာ ဆန်ရိက္ခာဖိုးငွေထောက်ပံ့ရန် စာရင်းကျန်ရှိသည့် အိမ်ခြေ (၄၀)၊ အိမ်ထောင်စု (၄၀)၊ လူဦးရေ (၁၇၁) ဦးတို့အတွက် ဆန်ဖိုးငွေ စုစုပေါင်း (၃၅၉၁၀၀) ကျပ်အား (၂၄-၉-၂၀၁၇) ရက်နေ့၊ နေ့လည်ပိုင်းတွင် ကလေးခရိုင်ဦးစီးရုံးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ရေဘေးသင့်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ကလေးဒေသရေကြီးမှုဖြစ်စဉ်၌ (၂၄-၉-၂၀၁၇) … Read more
-
ဟင်္သာတမြို့နယ်၊ ခြင်ဘို့ကျေးရွာအုပ်စု၊ သဲရိုးကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဟင်္သာတမြို့နယ်၊ ခြင်ဘို့ကျေးရွာအုပ်စု၊ သဲရိုးကျေးရွာ၌ (၁၅-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁၅) လုံး၊ အိမ်ထောင်စု (၁၅) စု၊ လူဦးရေ (၇၀) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၁၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၄၇၀၀၀) ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၆၄၇၀၀၀) ကျပ်တို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကယ်ဆယ်ရေး) မှတာဝန်ရှိသူများသည် (၂၄-၉-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: … Read more
-
မြဝတီမြို့၊ ရေပူကျေးရွာ၊ ရေပူကျေးရွာဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၁၇) ရက်နေ့၊ နံနက် (၁၀းဝဝ) နာရီအချိန်တွင် မြဝတီမြို့၊ ရေပူကျေးရွာ၊ ရေပူကျေးရွာဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်များကို တက်ရောက်လာသူများထံ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ရေပူကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ကဆရ)









