Author Archives: Thandar Aung

  • ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၂-၇-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေ

    ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၂-၇-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်- ကယ်ဆယ်ရှင်းလင်းရေးဆောင်ရွက်မှုအနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား(၂၁၈၃)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၄၂၉)ဦးဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ရေပေးဝေမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ရေသန့်စင်ကား(၆)စီး၊Mobile Solar စနစ် (၂၀)စုံတို့ဖြင့် တစ်နေ့တာ ရေပေးဝေသည့်ဂါလံ (၁၆၄၁၅) ဖြင့် ရေပေးဝေလျက်ရှိပြီး စုစုပေါင်းရေပေးဝေခဲ့သည့်ဂါလံမှာ (၁၄၂၁၃၁၁)ဂါလံ ရှိပါသည်။ ရေသန့်စင်ပုံးLife-Straw ဖြန့်ဝေမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၄၁၀)ပုံး ဖြန့်ဝေပေးခဲ့ပါသည်။ ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးရရှိမှုအနေဖြင့် တယ်လီဖုန်းဆက်သွယ်ရေး လွှမ်းခြုံနိုင်မှု ၉၉.၆၈% ရှိပါသည်။ မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသော အဆောက်အဦပြင်ဆင်ပြီးစီးမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးကဏ္ဍအတွက် ၇၉% နှင့် … Read more

  • ကသာမြို့၊ ပတ္တမြားရပ်ကွက်၊ အပိုင်း(၅)၊ သူတော်တောင်လမ်း၌ ဖြစ်ပွားသည့်မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့၊ ပတ္တမြားရပ်ကွက်၊ အပိုင်း(၅)၊ သူတော်တောင်လမ်း၌ (၁၆.၆.၂၀၂၃)ရက်နေ့ (၁၈း၁၅)အချိန်တွင်  မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးစတင်လောင်ကျွမ်းခဲ့သော မီးဘေးသင့်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)၊ လူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာဖိုး (၁)ပတ်စာ (၄၂၀ဝိ/-) စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၀၄၂၀ဝိ/-)၊  Family Kits (၁)ပုံးနှင့် လူ(၁)ဦးလျှင် အဝတ် Mask(၂)ခု နှုန်းဖြင့် လူ(၂)ဦးအတွက် အဝတ် Mask(၄)ခုတို့အား (၁၇-၆-၂၀၂၃) ရက်နေ့၊ (၁၂:၀၀) အချိန်ခန့်တွင် ဘေးသင့်ပြည်သူများ … Read more

  • ကော့သောင်းမြို့နယ်၊ ပိတောက်ရွှေဝါရပ်ကွက် လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမ၌ ကော့သောင်းမြို့နယ်၊ ပိတောက်ရွှေဝါရပ်ကွက်၌ (၈-၆-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၈မျိုးပါ) (၁)ပုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၅)လုံး (တန်လျားပါ)အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၇၀,၀၀ဝိ/-) ကျပ်၊ အဆိုပါဘေးသင့်အိမ်ထောင်စု(၆)စု၊ ဘေးသင့်လူဦးရေ (၃၃)ဦးအတွက် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၆၉,၃၀ဝိ/-) ကျပ်၊ စုစုပေါင်း(၃၃၉,၃၀ဝိ/-)ကျပ်အား (၁၆-၆-၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more

  • ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ နောင်တိုင်ကျေးရွာ မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၃) ရက်နေ့တွင် ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ နောင်တိုင်ကျေးရွာ၌ မိုးကြိုးပစ်မှုကြောင့် လူ(၁)ဦးသေဆုံးခဲ့ရာ အဆိုပါမိုးကြိုးဘေးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)အား (၂၂-၅-၂၀၂၃) ရက်နေ့တွင် ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။ #ha_tls #krn_may2023 Source: လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး (ဘေးစီမံ)

Sign Up

Upcoming Events