Author Archives: Thandar Aung
-
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ သီပေါလမ်း မှော်ဝန်ချောင်း၊ ချောင်းရေတိုက်စားမှုကြောင့် ချောင်းကမ်းပါးဆက်လက်ပြိုကျသဖြင့် ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်းခဲ့သည့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ သီပေါလမ်း မှော်ဝန်ချောင်း၊ ချောင်းရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးအရှည် (၂၀၀)ပေခန့်၊ အကျယ်(၁၅)ပေခန့်၊ ချောင်းကမ်းပါးမြေပြိုကျြခင်း၊ ချောင်းကမ်းပါးမြေသားနိမ့်ကျပျက်စီးခြင်းများဖြစ်ပေါ်လျက်ရှိရာ (၁၈-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၇:၃၀) နာရီအချိန်တွင် ချောင်းကမ်းပါးဆက်လက်ပြိုကျသဖြင့် ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်းခဲ့သည့် နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၅) ဦးတို့အတွက် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ထောက်ပံ့ငွေ (၃၀၀၀၀ဝိ/-) နှင့် ဆန်ရိက္ခာဖိုး (၁၀၅၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၀၅၀ဝိ/-) … Read more
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ (RCC)ခန်းမ၌ ခရိုင်အဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ မိမိတို့ပါဝင်ဆောင်ရွက်ရမည့် ကဏ္ဍအလိုက် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတွင် ရာသီဥတုပြောင်းလဲမှုနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းများကို ထည့်သွင်းဆောင်ရွက်နိုင်ရန်၊ ပြည်သူလူထုအတွင်း သဘာဝဘေးအန္တရာယ်အသိပညာဗဟုသုတများ၊ သဘာဝဘေးအန္တရာယ် မကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီးနောက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆင့်ပွားအသိပညာပေးနိုင်စေရန် ရည်ရွယ်၍ ခရိုင်အဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို (၂၀-၁၁-၂၀၂၃ )ရက်နေ့ နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ (RCC)ခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုးနှင့် မရမ်းကုန်းခရိုင် … Read more
-
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရေဉက္ကံကျေးရွာအုပ်စု၊ ဆိပ်ကမ်းလမ်း၌ မီးဘေးကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ရေဉက္ကံကျေးရွာအုပ်စု၊ ဆိပ်ကမ်းလမ်း၌ (၁၂-၁၁-၂၀၂၃)ရက်နေ့၊ (၀၉:၄၃)အချိန်ခန့်တွင် နေအိမ်အတွင်း ထမင်းချက်ရာမှ ဂတ်စ်အိုး ပေါက်ပြီးအနီးရှိထရံအား မီးစွဲ၍ မီးလောင်မှုကြောင့် နေအိမ်(၁)လုံး(ကျူး) လုံးဝပျက်စီးခဲ့ပြီး၊ မီးဘေးသင့်အိမ်ထောင်စု(၂)စု၊ ကျား(၅)ဦး၊ မ(၅)ဦး၊ ပေါင်း(၁၀)ဦးအနက် (၁)ဦးမှာ ဒဏ်ရာရရှိခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁,၀၀ဝိ/-)၊ ဒဏ်ရာရ(၁)ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၅၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၇၁,၀၀ဝိ/-)၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူတစ်ဦးလျှင် Mask … Read more
-
ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အ.ထ.က (၆) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အ.ထ.က (၆) ကျောင်းရှိ ကျောင်းသား/သူ (၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_nov2023 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အ.ထ.က (၁)ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အ.ထ.က (၁)ကျောင်းတွင် ကျောင်းသား/သူ (၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_nov2023 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ အမှတ်(၅)ရပ်ကွက်၌ မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ အမှတ်(၅)ရပ်ကွက်၌ (၂၅-၉-၂၀၂၃)ရက်နေ့ (၁၆:၅၅)အချိန်တွင် မီးလောင်မှုကြောင့် လုံးဝပျက်စီးခဲ့သည့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၁၇)စု၊ လူဦးရေ(၃၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၅၆၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၄၇၅,၆၀ဝိ/-)၊ ကိုဗစ်-၁၉ ကာကွယ်နိုင်ရေးအတွက် လူတစ်ဦးလျှင် Mask (၂)ခုနှုန်းဖြင့် Mask(၇၂)ခု၊ IEC အလှူပစ္စည်းများမှ အိမ်ထောင်စု (၁)စုလျှင် ကာဘော်လစ်ဆပ်ပြာ(၁)တောင့်နှုန်းဖြင့် ကာဘော်လစ်ဆပ်ပြာ (၁၇)တောင့်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၁၇)စုစာ ကယ်ဆယ်ရေးပစ္စည်းတန်ဖိုး(၇၈၂,၆၁၂/-)ကျပ်တိတိတို့အား … Read more
-
တွံ့တေးခရိုင်၊ တွံ့တေးမြို့နယ်၊ တက်သစ်ကျေးရွာ၌ မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့သူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တွံ့တေးခရိုင်၊ တွံ့တေးမြို့နယ်၊ တက်သစ်ကျေးရွာ၌ (၂၃-၉-၂၀၂၃) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀ဝိ/-) တိတိအား သေဆုံးသူမိသားစုဝင်၏ လက်ဝယ်အရောက် (၂၆-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ygn_sep2023 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ်သောင်ကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ်သောင်ကျေးရွာ၌ (၁၁-၉-၂၀၂၃)ရက်နေ့၊ (၁၃:၀၀) နာရီအချိန်ခန့်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် နေအိမ်(၆)လုံး၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၀,၄၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၆၅၀,၄၀ဝိ/-)တိတိတို့အား (၂၁-၉-၂၀၂၃)ရက်နေ့၊ (၁၁:၃၀)အချိန်နာရီတွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ygn_sep2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ဇလွန်မြို့နယ်၊ ကြာအင်းအုပ်စု၊ ဖားလက်ခိုအုပ်စု၊ ညောင်ပင်သာအုပ်စုနှင့် ရေလဲအုပ်စုအတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ကြာအင်းအုပ်စု၊ ဖားလက်ခိုအုပ်စု၊ ညောင်ပင်သာအုပ်စုနှင့် ရေလဲအုပ်စုတို့၌ (၁၅-၉-၂၀၂၃) ရက်နေ့နှင့် (၁၇-၉-၂၀၂၃) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့်အိမ်ခြေ(၂၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၅၀၀၀၀၀/-)၊ စုစုပေါင်းလူဦးရေ(၁၀၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ(၂၂၈၉၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၇၂၈၉၀၀/-)တိတိအား (၁၉-၉-၂၀၂၃)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_sep2023 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မုဒုံမြို့နယ်၊ အ.လ.က(သင်္ဘောဉီး)၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုဒုံမြို့နယ်၊ အ.လ.က(သင်္ဘောဉီး)၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို (၁၉-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှ (၁၁:၃၀)နာရီထိ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ(၁၂၀)ဦးတို့ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2023 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
