Author Archives: Thandar Aung
-
ကျိုက်ထိုမြို့နယ်အတွင်းလေဘေးသင့်ပြည်သူများသို့ထောက်ပံ့ပေးမှုသတင်း
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်၊တောလေးပိုင်းနှင့် ကော့ထင်းကျေးရွာတို့တွင် (၁၈-၆-၂၀၁၇)ရက်နေ့ ညနေ(၁၄း၃၀)ချိန်ခန့်တွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁)လုံး ပြိုကျ ပျက်စီးပြီး နေအိမ်(၁)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးမှု အတွက််ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာ သထုံခရိုင််ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြိုကျအိမ်(၁)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးပါ (၁)ပုံး တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁)လုံးအတွက် ကယ်ရေးပစ္စည်း (၇)မျိုးပါ (၁)ပုံး။အိမ်ဆောက်ပစ္စည်းဘိုးငွေ (၁၅၀၀၀၀)နှင့် လူဦးရေ (၁၂)ဦးအတွက် ဆန်ဘိုးငွေ(၇)ရက်စာ (၂၅၂၀၀) စုစုပေါင်းထောက်ပ့ံငွေ (၁၇၅၂၀၀)ကယ်ဆယ်ရေးပစ္စည်း (Family kit) (၂)အိတ် တို့အား (၁၉-၆-၂၀၁၇) … Read more
-
ဖားကန့်မြို့နယ်တွင်းရေဝင်ရောက်မှုအားသက်ဆိုင်ရာဒေသအာဏာပိုင်များ၊လူမှုရေးအသင်းအဖွဲ့များ၊စေတနာရှင် ပြည်သူများနှင့်ပူးပေါင်း ဆောင်ရွက်မှုသတင်း
ကချင်ပြည်နယ်၊ ဖားကန့်မြို့နှင့် ဥရုချောင်းဖျားတွင်(၁၇-၆-၂၀၁၇)နေ့က မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ဖားကန့်မြို့၊ အနိမ့််ပိုင်းနေရာများဖြစ်သော မြို့မရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ မရှီကထောင် ရပ်ကွက်၊ အေးမြသာယာရပ်ကွက်နှင့် လုံးခင်းကျေးရွာတို့၌ (၁၈-၆-၂၀၁၇)နေ့တွင် ရေ(၃)ပေမှ(၆)ပေခန့်အထိဝင်ရောက်ခဲ့ရာအဆိုပါရေဝင်ရောက်သည့်အိမ်ထောင်စုများမှာ ပြောင်းရွှေ့ ရခြင်းမရှိသော်လည်း ရေဝင်ရောက်သည့်ဧရိယာအတွင်းရှိ အိမ်ထောင်စုများအားသောက်သုံးရေနှင့် ထမင်းထုပ်ဝေငှရေးစီမံဆောင်ရွက်ခြင်း၊ ရေကျော်သည့်လမ်းများ လမ်းပိတ်ဆို့မှုမရှိစေရေး စီမံ ဆောင်ရွက်ခြင်း၊ ပြည်သူများအား မိုးရွာသွန်းမှုအခြေအနေနှင့် ဥရုချောင်း ရေမြင့် တက်မှုအခြေအနေ အား တစ်နာရီ(၁)ကြိမ် လှည့်လည်အသိပေးကြေညာရန် ဆောင်ရွက်ခြင်း၊ သယ်ယူရွှေ့ပြောင်းရေး အဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့များစုဖွဲ့ထားရှိခြင်း၊ ရေကျချိန်တွင် ကျန်းမာရေးနှင့် ပတ်သက်သော ကိစ္စများ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ကာကွယ်ရေးလုပ်ငန်များ ဆောင်ရွက်တတ်စေရန် ဆူနာမီသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင််ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ဖျာပုံမြို့့နယ် မြို့ကုန်ကျေးရွာ အုပ်စု နန်းစံကျေးရွာတွင် Action Aid Myanmar ဖျာပုံ အဖွဲနှင့်ပူး ပေါင်း၍ (၁၈-၆-၂၀၁၇) ရက်နေ့၌ ပြည်သူလူထုပူးပေါင်းပါဝင်သော ဆူနာမီသဏ္ဍာန်တူ ဇာတ်ိ်ုက်လေ့ ကျင့်ခြင်းအား ပြည်သူလူထုအနေဖြင့် ရာသီအလိုက်ဖြစ်မဖြစ်နိူင်ခြေရှိသော သဘာဝဘေးအန္တရာယ် ဆိုင်ရာကြိုတင်ပြင်ဆင်ကာကွယ်ရေးလုပ်ငန်များ၊ မိုးဦးကာလအတွင်းဘေးဖြစ်နိုင်ခြေရှိသည့်ု ကျေးရွာ များအားရွေးချယ်ပြီးကျေးရွာသဘာဝဘေးကော်မတိီ၏စွမ်းဆောင်ရည်မြင့်မားရေးနှင့် ကြိုတင်ပြင်ဆင် လုပ်ကိုင်နိုင်ရေးတုံ့ပြန်ဆောင်ရွက်မှုအားကောင်းပြီးသက်ဆိုင်ရာနှင့်ညှိနှိုင်းဆောင်ရွက်မှု ပီပြင်စွာ ဆောင်ရွက်တတ်စေရေး လက်တွေ့လေ့ကျင့်သရုပ်ပြဆောင်ရွက်ခဲ့ပါကြောင်း ပြည်သူ (၂၀၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။Source:ဖျာပုံခရိုင််ဦးစီးမှူး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ရင်ဆိုင်ရန် အဆင်သင့်ဖြစ်စေရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကွင်းဆင်းလုပ်ငန်း ဆောင်ရွက်မူသတင်း
ရက်စွဲ ၁၈.၆. ၂၀၁၇ ပခုက္ကူမြို့ – ပြည်သူတို့၏ လိုအပ်ချက်ကိုထိရောက်စွာဖြည့်ဆည်းပေးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးသို့ရောက်ရှိနေသော လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရေစကြိုမြို့နယ်နှင့် ပခုက္ကူမြို့နယ်များသို့သွားရောက်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊နိုင်ငံရေးပါတီများနှင့် လူမှုရေးအသင်းအဖွဲ့အစည်းများနှင့်တွေ့ဆုံပါသည်။ – ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့အကျိုးကိုထိရောက်စွာဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်သူနှင့် အနီးစပ်ဆုံးရှိနေရန်ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ခြင်း၊ ပြည်သူကဝန်ကြီးဌာနနှင့်တိုက်ရိုက်ဆက်သွယ်ခွင့်ရှိခြင်း၊ပြည်သူ့ အသံကိုနားထောင်ခြင်းများဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး လုပ်ငန်းများကိုသက်ဆိုင်ရာ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးမှ တာဝန် ရှိသူများသည် နောင်ကုန်ကျေးရွာအုပ်စု၊ နောင်ကုန် ရွာတွင် (၁၈-၆-၂၀၁၇) ရက်နေ့၌ သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များ ဟောပြောခဲ့ပြီး ပြည်သူ(၁၀၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။Source:ကျိုင်းတုံခရိုင်ဦးစီးမှူး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးမှ တာဝန် ရှိသူများသည် ကျောက်တော်မြို့နယ် ရွာမပြင်ကျေးရွာအုပ်စု ရွာမပြင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ တွင် (၁၈-၆-၂၀၁၇) ရက်နေ့ ၌ သဘာဝဘေး အန္တရာယ်န ှင့်ပတ် သက်သည့် ရှောင်ရန်/ဆောင်ရန်များ ဟောပြောခဲ့ပြီးတက်ရောက်သူ ကျောင်းသား ကျောင်း သူဦးရေ (၁၀၁) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်း စာစောင်များ နှင့်အချိုရည်ဗူးများဖြန့်ဝေခြင်း နံရံကပ်ပိုစတာများကိုကျေးရွာအုပ်ချုပ် ရေးမှူးထံဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source:မြောက်ဦးခရိုင်ဦးစီးမှူး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ကာကွယ်ရေးလုပ်ငန်များ ဆောင်ရွက်တတ်စေရန် ဆူနာမီသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့် မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင််ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ဖျာပုံမြို့့နယ် ဇင်းဘောင်ကျေးရွာအုပ်စု ကံဆိတ်ကျေးရွာ တွင Action Aid Myanmar ဖျာပုံ အဖွဲနှင့်ပူး ပေါင်း၍ (၁၇-၆-၂၀၁၇) ရက်နေ့၌ ပြည်သူလူထုပူးပေါင်းပါဝင်သော ဆူနာမီသဏ္ဍာန်တူ ဇာတ်ိ်ုက်လေ့ ကျင့်ခြင်းအား ပြည်သူလူထုအနေဖြင့် ရာသီအလိုက်ဖြစ်မဖြစ်နိူင်ခြေရှိသော သဘာဝဘေးအန္တရာယ် ဆိုင်ရာ ကြိုတင်ပြင်ဆင်ကာကွယ်ရေးလုပ်ငန်များ ကောင်းမွန်စွာဆောင်ရွက်တတ်စေရန်လက်တွေ့ လေ့ကျင့်ဆောင်ရွက်ပေးခဲ့ပါကြောင်း ဘေးအမျိုးစားလိုက် ဆောင်ရန် ရှောင်ရန်များ ရှင်းလင်း ဆောင်ရွက်ပေး ခဲ့ပြီး ပြည်သူ (၃၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။Source:ဖျာပုံခရိုင််ဦးစီးမှူး(ကဆရ)
-
၂၀၁၇ ခုနှစ်၊ ဇွန်လ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁ရခုနှစ်၊ ဇွန်လ တတိယ (၁၀) ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက် (၁၈- ၆-၂၀၁၇) ရက်နေ့တွင်အောက်ပါအတိုင်း ထုတ်ပြန် ထားပါသည် ============================ ၂၀၁၇ ခုနှစ်၊ ဇွန်လ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက် ====================================== ဘင်္ဂလားပင်လယ်အော်အခြေအနေ —————————————- ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနိုင်ပါသည်။ မိုးအခြေအနေနှင့် မိုးရွာရက် ——————————– မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ကျောက်မဲမြို့၊နောင်ပိန်ကျေးရွာအုပ်စု ရွှေရတု ခန်းမတွင် (၁၆-၆-၂၀၁၇) ရက်နေ့ ၌ သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များဟောပြောခဲ့ပြီး တက်ရောက်သူကျောင်းသားကျောင်းသူဦးရေ (၃၀၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။Source: ကျောက်မဲခရိုင််ဦးစီးမှူး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ကျိုင်းတုံမြို့နယ်ယန်းလောအုပ်စု၊ ဝမ်မောက် ရွာတွင် (၁၈-၆-၂၀၁၇) ရက်နေ့ ၌ သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များဟောပြောခဲ့ပြီး တက်ရောက်သူ( ၈၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။Source: ကျိုင်းတုံခရိုင်ဦးစီးမှူးဦးစီးမှူးရုံး(ကဆရ)
