Author Archives: Thandar Aung

  • မင်းဘူးမြိ့ုနယ်မှရေဘေးရှောင်ပြည်သူများအားထောက်ပ့ံမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည်မင်းဘူးစကုမြိ့ုနယ်တွင် (၁၇.၇.၂၀၁၇) နေ့မှ (၁၉.၇.၂၀၁၇) နေ့ထိဧရာဝတီမြစ် ရေဝင်ရောက်၍ ရွှေပြောင်းပြီးအိမ်ထောင်စု (၅၄၈) လူဦးရေ (၂၁၃၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာဖိုး (၄၄၇၃၀၀၀/) အား (၂၀.၇.၂၀၁၇)ရက်နေ့တွင် ထောက်ပ့ံခဲ့ကြောင်း သတင်း ရရှိပါသည်။Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • အထက နောင်ကားကျေးရွာ၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်မှုသတင်း

    (၂၀-၇-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် အထက နောင်ကားကျေးရွာ၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ လူဦးရေ (၄၅၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • အမြဲတမ်းအတွင်းဝန်ဦးစိုးအောင်အား ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Ms. Yanghee Lee ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံမှုသတင်း

    ၁၈.၇.၂၀၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဦးစိုးအောင်အား ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Ms. Yanghee Lee ဦးဆောင်သောအဖွဲ့မှ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့နံနက်(၁၀)နာရီတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အမေရိကန် နိုင်ငံ၊ နယူးယောက်မြို့သို့ ပြည်ပခရီးသွားရောက်နေပါ၍ အမြဲတမ်းအတွင်းဝန်မှ လက်ခံ တွေ့ဆုံခြင်းဖြစ်ကြောင်းနှင့် ဆိုင်ကလုန်းမိုရာကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်ဆီးမှုများရှိခဲ့ပြီး ရခိုင်ပြည်နယ်သည် ပျက်ဆီး ဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့သည့်အခြေအနေများ၊ထို့ပြင် ပြန်လည်ထူထောင်ရေးအတွက် … Read more

  • မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိမှုသတင်း

    မကွေးတိုင်းဒေသသကြီး၊ မင်းဘူးမြို့နယ်၊ မင်းဘူး(စကု)မြို့နယ်၊ ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်၊ ချောက်မြို့နယ်၊ ဆိပ်ဖြူမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်တို့၌ (၁၂-၇-၂၀၁၇)ရက်နေ့မှ (၁၇-၇-၂၀၁၇) ရက်နေ့အထိ ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေမြင့်တက်မှုတို့ကြောင့် ရပ်ကွက်/ ကျေးရွာ အချို့သို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ရာ အိိမ်ထောင်စု(၅၅၃၆)စုမှ လူဦးရေ(၂၄၂၁၇)ဦးတို့ကို ရေဘေးလွတ် ကင်းရာ ယာယီကယ်ဆယ်ရေးစခန်းများသို့ ခေတ္တပြောင်းရွှေ့နေရာချထားပေး ခဲ့ပြီး အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၅၀,၈၅၅,၇၀၀ိ/-) (ကျပ်ငါးရာ့ ရှစ်သိန်း ငါးသောင်းငါးထောင့်ခုနစ်ရာတိတိ)ကို (၁၇-၇-၂၀၁၇)နေ့နှင့် (၁၈-၇-၂၀၁၇) နေ့များတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်သောအဖွဲ့သည် ဘေးဖြစ် … Read more

Sign Up

Upcoming Events