Author Archives: Thandar Aung

  • လေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့်ရန်ပုံငွေကွင်းဆင်းထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)နှင့် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၇-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့ သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အမိုးအကာလန်ပျက်စီး နေအိမ်(၇)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၁၀၀၀၀ိ/-)၊ လူဦးရေ(၄၃)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၀၃၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေကျပ်(၄၀၀၃၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၇)ပုံး၊ Family Kits (၁)ပုံးတို့အား (၂၁-၇-၂၀၁၇) ရက်နေ့တွင် ပန်းတနော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမ၌ လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • ကံမမြိ့ုနယ််တွင်းဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့်ပြောင်းရွှေ့အိမ်ထောင်စုများထောက်ပ့ံမှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်တွင် ဧရာဝတီ မြစ်ရေမြင့်တက်၍ဘေးလွတ်ကင်းရာသို့ (၁၉.၇.၂၀၁၇) ရက်နေ့ထိရှွေ့ပြောင်းပြီးဖြစ်သော အိမ်ထောင် စု(၃၆၂)စု၊ လူဦးရေ (၁၃၂၇) ဦးတို့အတွက် ဆန်(၇)ရက်စာဖိုး (၂၇၈၆၇၀၀/)ကို (၂၁.၇.၂၀၁၇) ရက်နေ့က သွားရောက်ထောက်ပ့ံခဲ့ကြောင်း သတင်းရရှိပါသည်။ Source:သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆတ်သွားကျေးရွာအုပ်စု၊ ရှောပြာကုန်းကျေးရွာ၌ (၁၉-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၈)ဦးအတွက် Family Kits (၂၂) မျိုးပါ (၁)ပုံး၊ အိမ်ဆောက် ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ(၁၆၈၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၁၁၆၈၀၀ိ/-) အား(၂၁-၇-၂၀၁၇) ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source:ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါင် မြို့နယ်၊ထန်းပင်ချောင်လေး ကျေးရွာ အုပ်စု ၊ကရင်စုကျေးရွာ တွင် (၁၈-၇-၂၀၁၇)ရက်နေ့ (၁၈း၃၀)ချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှု ကြောင့် နေအိမ်(၂)လုံး ပြိုကျ ပျက်စီးပြီး နေအိမ်(၁)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ ၊ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာတွင် (၁၉-၇-၂၀၁၇) ရက်နေ့ (၀၄း၁၅) ချိန် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂) လုံးတို့အတွက် ပြိုကျအိမ် (၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ (၂) ပုံး တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၃)လုံးအတွက် … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၇.၂၀၁၇) နေ့တွင် ကသာမြို့နယ် ၊ ဒုံးအော့ကျေးရွာအုပ်စုဖြစ်သော မြိုင်သာယာကျေးရွာ၊ ဘန့်ဘွေးကုန်းကျေးရွာ၊ ဒုံးအော့ကျေးရွာများရှိ ကျေးရွာပြည်သူပေါင်း(၂၁၀)ကျော်အား သဘာဝဘေးဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်ခဲ့ပြီး ရေဘေး၊မီးဘေး၊ငလျင်ဘေး၊ မုန်တိုင်းဘေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန် လက်ကမ်းစာစောင်များ၊ ဗီနိင်းပိုစတာများဝေငှခြင်းများနှင့် DAN Mobile Application အသုံးပြုပုံတို့အား ကျေးရွာပြည်သူများထံသို့ဝေငှပေးခဲကြောင်း သတင်းရရှိပါသည်။Source: ကသာခရိုင်ဦီးစီးမှူးရုံး (ကဆရ)

  • သက်ကြီးရွယ်အိုအမျိုးသားမူဝါဒဆိုင်ရာ ဒေသတွင်းညီလာခံ (Regional Forum on Policies on Ageing) ကျင်းပပြုလုပ်မှုသတင်း

    ၂၀.၇.၂၀၁၇၊ နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်နေ့တွင် နေပြည်တော်၊ Park Royal Hotel ၌ သက်ကြီးရွယ်အို အမျိုးသားမူဝါဒဆိုင်ရာ ဒေသတွင်းညီလာခံ(Regional Forum on Policies on Ageing)ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ အာရှဒေသတွင်း နိုင်ငံ များမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ သက်ကြီးရွယ်အို ဆိုင်ရာကော်မတီဝင်များ၊ သက်ကြီးမူဝါဒရေးဆွဲရေးဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက် ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ပြည်‌‌ထောင်‌စု‌နယ်‌မြေဦးစီးမှူးရုံး၊ နေပြည်‌‌တော်‌မှတာဝန်‌ရှိသူများသည် (၂၀-၇-၂၀၁၇) ရက်နေ့့တွင်ပုဗ္ဗသီရိမြို့နယ်၊ အ.ထ.က (၁၃) ကျောင်‌းသို့သွား‌ရောက်၍ သဘာဝ‌ဘေး‌‌‌ လျော့ပါး‌ရေး ဆောင်‌‌ရန် ရှောင်‌ရန်‌အချက်‌များအား ဟော‌ပြောခဲ့ပြီး မိုးကြိုး‌ဘေး၊ မီး‌ဘေး၊ ငလျင်‌‌ဘေး တို့ကြုံ‌တွေ့ ရပါက မည်‌သို့တုံံ့ပြန်‌ရမည်‌များကို သရုပ်‌ပြရှင်‌းလင်‌းခဲ့ပြီး လက်‌‌တွေ့လုပ်‌‌ဆောင် သရုပ်‌ပြခဲ့ရာစိတ်‌ပါဝင်‌စား စွာနား‌ထောင်‌ခဲ့ကြပြီး တက်‌‌ရောက်‌ကျောင်‌းသား‌ကျောင်‌းသူ (၂၈၀)ဦးအား ဗလာစာအုပ်၊ ဘောလ်‌ပင်၊ လက်‌ကမ်‌းစာ‌စောင်‌၊ဗွီနိုင်‌းပိုစတာများဖြန်‌့‌ဝေခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပြည်‌‌ထောင်‌စု‌နယ်‌မြေဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events