Author Archives: Thandar Aung
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် Gender mainstreaming သင်တန်း ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးနှင့် IRC တို့ပူးပေါင်း၍ (၂၁.၇ ၂၀၁၇) ရက်နေ့၌ ရှားတောမြို့နယ်၌ ရပ်ကျေးအုပ်စု အုပ်ချုပ်ရေးမှူး အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် Gender mainstreaming သင်တန်းကို ် ဖွင့်လှစ်ခဲ့ပါသည်။အဆိုပါသင်တန်း၊သင်တန်းကာလ (၃ )ရက်ကြာမြင့်မည်ဖြစ်ပြီး ရပ်ကျေးအုပ်စု အုပ်ချုပ်ရေးမှူး အပါအဝင် စိတ်ပါဝင်စားသူ ၁၆ ဦး သင်တန်းတက်ရောက်ခဲ့ကြောင်း သတင်းရ ရှိပါသည်။ Source းကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးသင့်အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၇-၂၀၁၇)ရက် လေဆင်နှာမောင်းမုန်တိုင်း တိုက်ခတ်မူကြောင့် ပေါက်တောမြို့နယ်၊ သပြေကန်ကျေးရွာတွင် လုံးဝပျက်စီး အိမ်ခြေ(၃)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၇) မျိုး (၃) အိမ်ထောင်စုစာ၊အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀/-)၊တစ်စိတ် တစ်ပိုင်းပျက်စီး (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၇)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး တစ်စိတ် တစ်ပိုင်းပျက်စီး (သွပ်မိုး/ပျဉ်ကာ)အိမ်ခြေ(၂)လုံးအတွက် (၁၀၀၀၀၀/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီး (ဓနိမိုး၊ ၀ါးကာ) အိမ်ခြေ (၅)လုံးအတွက် (၁၀၀၀၀၀/-)၊ ဘေးသင့်ပြည်သူ(၄၉)ဦး အတွက် ဆန်းရိက္ခာ(၇)ရက်စာဖိုး (၁၀၂၉၀၀/-)တို့အားပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ … Read more
-
ရေဘေးသင့် အိမ်ထောင်စုများထောက်ပ့ံမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး၊ ဦးသောင်းရွှေနှင့် သထုံခရိုင်ဦးစီးမှူး၊ဒေါ်လှကေသီမာတို့သည်(၂၀.၇.၂၀၁၇)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေကျဆင်းမှုကြောင့် ရေဝင်ခဲ့သည့်ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ ဇေယျာမွန်ရပ်ကွက်၊တောင်သူစုရပ်ကွက်နှင့် ဖက္ကလိပ်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ၊ စီမံကိန်၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီး၊ ဦးဝဏ္ဍကျော်နှင့်အတူလိုက်ပါ၍ ကြိုတင်ဆန်ရိက္ခာဖိုးငွေ (၁၈)သိန်းအား (၂၁.၇.၂၀၁၇)ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။Source: မွန်ပြည်နယ်ဦးစီးမှူး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၇.၂၀၁၇) နေ့တွင် ကသာမြို့နယ် ၊ ပုလွှေရွှေကျေးရွာအုပ်စု (ရေလည်ကျွန်းစု)တွင်ကျေးရွာပြည်သူပေါင်း(၁၂၀)ခန့် အား သဘာဝဘေးဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်ခဲ့ပြီး ရေဘေး၊မီးဘေး၊ငလျင်ဘေး၊ မုန်တိုင်းဘေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန် လက်ကမ်းစာစောင်များ၊ ဗီနိင်းပိုစတာများဝေငှခြင်းများနှင့် DAN Mobile Applicationအသုံးပြုပုံတို့အား ကျေးရွာပြည်သူများထံသို့ဝေငှပေးခဲဲ့ကြောင်း သတင်းရရှိပါသည်။Source: ကသာခရိုင်ဦီးစီးမှူးရုံး (ကဆရ)
-
မင်းလှမြိ့ုနယ််တွင်းဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့်ပြောင်းရွှေ့အိမ်ထောင်စုများထောက်ပ့ံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ဘေးလွတ်ကင်းရာသို့ (၁၉.၇.၂၀၁၇) ရက်နေ့ထိရှွေ့ပြောင်းပြီးဖြစ်သော အိမ်ထောင်စု(၁၀၂)စု၊ လူဦးရေ (၄၃၄) ဦးတို့အတွက် ဆန် (၇) ရက်စာဖိုး (၉၁၁၄၀၀/) ကို(၂၁.၇.၂၀၁၇) ရက်နေ့က သွားရောက်ထောက်ပ့ံခဲ့ကြောင်း သတင်းရရှိပါသည်။Source:သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မြစ်ရေမြင့်တက်မှုကြောင့် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၂ စုမှ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ခဲ့သည့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၂ စု၌ မြစ်ရေမြင့်တက်မှုကြောင့် ကယ်ဆယ်ရေးစခန်းများသို့ (၂၀-၇-၂၀၁၇) ရက်နေ့တွင် ပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁၂၇) လုံး၊ အိမ်ထောင်စု (၁၂၇) စုမှ လူဦးရေ (၄၇၀) ဦးအတွက် ဆန်ရိက္ခာ ၇ ရက်စာ ထောက်ပ့ံငွေ (၉၈၇၀၀၀) နှင့် first Aid kit (၁၀) အိတ်တို့အား (၂၁-၇-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူး … Read more
-
ရေစကြိုမြို့နယ်၊ ဆင်ခြေယာအုပ်စု၊ ဇရပ်နီကျေးရွာနှင့် မီးလောင်ကျွန်းကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာများမှ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၁၂-၇-၂၀၁၇) ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ဆင်ခြေယာအုပ်စု၊ ဇရပ်နီကျေးရွာ၌ မြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၁၇) ဦး ဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၃၅၇၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၅) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၅၃၅၇၀၀) ကျပ်တိတိနှင့် (၁၆-၇-၂၀၁၇) ရက်နေ့တွင် ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းကျေးရွာအုပ်စု၊ … Read more
