Author Archives: Thandar Aung
-
တိုက်ပွဲရှောင်ပြည်သူများအတွက် မိုးကာအနွေးထည်များ ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဟာဂျူလီကုမ္မဏီ(ရန်ကုန်) မြို့မှ တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းသော မိုးကာအနွေးထည်(၁၀၀)ထည်အား မြစ်ကြီးနားမြို့ ၊ ငွေပျော်စံပြကျေးရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းဆာမှတဆင့် (၁.၈.၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
တန့်ယန်းမြို့နယ် နမ့်ဟူးကျေးရွာ နမ့်ဟူးဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၁၇) ရက်နေ့၊ (၁၃:၃၀ ~ ၁၄:၃၀) နာရီအချိန်တွင် တန့်ယန်းမြို့နယ် နမ့်ဟူးကျေးရွာ နမ့်ဟူးဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူအင်အား (၁၅၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တန့်ယန်းမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၁၇) ရက်နေ့၊ (၁၀:၀၀ ~ ၁၁:၃၀) နာရီအချိန်တွင် တန့်ယန်းမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသားအင်အား (၅၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသမှ တိုက်ပွဲရှောင်ပြည်သူများအတွက် မိုးကာအနွေးထည်များအား ထောက်ပံ့မှုသတင်း
(၁-၈-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဟာဂျူလီကုမ္ပဏီ (ရန်ကုန်မြို့) မှ ရှမ်းပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းထားသော မိုးကာအနွေးထည် (၁၀၀) ထည်အား မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသမှ တိုက်ပွဲရှောင်ပြည်သူများအတွက် ဆီဆိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျွန်းမီးကျေးရွာအုပ်စု၊ ကျွန်းမီးကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းခဲ့သော ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျွန်းမီးကျေးရွာအုပ်စု၊ ကျွန်းမီးကျေးရွာ၌ (၂၇-၇-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းခဲ့ရသော နေအိမ် (၁၇) လုံးအတွက် နေအိမ် (၁) လုံးလျှင် (၁) သိန်းနှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၇) သိန်းအား ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁-၈-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၁၇)နေ့တွင် ကျိုင်းတုံမြို့ ကတ်တောင်ကျေးရွာအုပ်စု ကတ်တောင် ကျေးရွာတွင် ပြည်သူလူထု (၅၅)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပ့ံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်သို့ တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာမှ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား ယာယီ တည်းခိုနေထိုင်သော မြစ်ကြီးနားမြို့၊ နန်းကွေ့ အုပ်စုနယ်မြေ(၇)၊ ကဘူဒမ်းကျေးရွာ၊ ခရစ်တော်၏ အသင်းတော်တွင် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိူ း (၂၁) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာဖိုး (၇ )ရက်စာ (၁၁၃၄၀၀/- )အား (၁-၈-၂၀၁၇)ရက်နေ့ တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဥတ္တရသီရိမြို့နယ်၊ တောင်ညိုအုပ်စု၊ မရမ်းခုံကျေးရွာရှိ ရေဝင်အိမ်များနေ ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့မှုသတင်း
(၃၀-၇-၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ တောင်ညိုအုပ်စု၊ မရမ်းခုံကျေးရွာရှိ ရေဝင်အိမ် (၇) အိမ်မှ လူဦးရေ (၁၉) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ ( ၃၉၉၀၀) ကျပ်အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
မြေပြိုဘေးထောက်ပ့ံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၇)နေ့တွင် မြေပြိုမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၃)လုံံး အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၂)ဦး အတွက်ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀၀၀၀/-) ဆန်ဖိုးငွေ (၇) ရက်စာ (၂၅၂၀၀/-) စုစုပေါင်း (၁၇၅၂၀၀/-) တို့အား (၃၁.၇.၂၀၁၇) ရက်နေ့တွင်ထောက်ပ့ံခဲ့ကြောင်းသ တင်းရရှိပါသည်။Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
