Author Archives: Thandar Aung

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်၊ စက်ဝန်း(၃)လမ်း၌ (၂၈-၂-၂၀၂၂)ရက်နေ့၊ (၀၉:၁၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် အိမ်ခြေ (၅)လုံး၊ အိမ်ထောင်စု(၈)စုမှ လူဦးရေ(၃၈)ဦးတို့ ဘေးသင့်ခဲ့သဖြင့် မီးဘေးသင့်အိမ်ခြေ (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၈၉၀၀၀၀/-)၊ လူဦးရေ(၃၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၇၉၈၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၆)စုစာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရန် အိမ်ထောင်စု(၈)စုစာအတွက် ဆပ်ပြာ(၈)တောင့်၊ လူဦးရေ (၃၈)ဦးအတွက် Mask (၇၆) ခုတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၁-၃-၂၀၂၂)ရက်နေ့၊ … Read more

  • ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ ပင်တီးကျေးရွာ၌ (၁၀-၁-၂၀၂၂) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်ခန့်တွင် ကြိုးမိုင်းအားထိမိ၍ ယာဘက်ပေါင် မိုင်းစဖောက်ဝင်၊ ဝဲဘက်ခြေသလုံး မိုင်းစဖောက်ဝင် ဒဏ်ရာရရှိခဲ့သည့် ဦးဘောဂ(အသက် ၇၂ နှစ်၊ ရှမ်း/ဗုဒ္ဓ) အတွက် ထောက်ပံ့ငွေ(၅၀၀၀၀/-)ကျ်တိတိအား (၂၂-၁-၂၀၂၂)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #shn_jan2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ပေါက်ကန်ကျေးရွာအုပ်စု၊ ပေါက်ကန်ဘူတာကျေးရွာ၌       (၁၁-၁၀-၂၀၂၁)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိ၍ ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၀,၅၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စာနှင့် အဝတ်Mask(၁၀)ခုတို့အား  (၁၃-၁၀-၂၀၂၁) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ဝက်လက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ဘေးသင့်ပြည်သူထံ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #sgw #sgg_oct2021 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အင်းတ္တော်လုပ်ကျေးရွာအုပ်စု၊ ပိုးစာကုန်းကျေးရွာနှင့် လေးလံကျေးရွာတို့တွင် (၂၃-၉-၂၀၂၁) ရက်နေ့၌  ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ခဲ့သည့်နေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၇၀၀၀၀/-)ကျပ်နှင့်အိမ်ထောင်စု(၆)စုရှိ စုစုပေါင်းလူဦးရေ(၂၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၄၆၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၆၂၀၀/-) ကျပ်တိတိအား (၆-၁၀-၂၀၂၁) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် အင်းတ္တော်လုပ်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးဖြစ်ပွားသူ၏လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။   #sgw #bgo_oct2021 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • တောဆင်ရိုင်းဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊‌ ဆင်စခန်းကျေးရွာအုပ်စု၊ ရွှေမင်းဝံကျေးရွာအတွင်း (၅-၁၀-၂၀၂၁)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်ဆီးခဲ့သည့်အိမ်‌ခြေ(၁)လုံးအတွက် ထောက်ပံ့ငွေ(၅၀,၀၀ဝိ/-)၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၀,၅၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၆၀,၅၀ဝိ/-)တိတိအား (၆-၁၀-၂၀၂၁) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင်‌ တိုက်ကြီးမြို့နယ်အ‌‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးခဲ့ကြောင်း သိရှိရပါသည်။ #otr #ygn_oct2021 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၀-၂၀၂၁)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်မှ(၁၃:၀၀)နာရီအချိန်ထိ မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအတွင်း Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်  သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_oct2021 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၀-၂၀၂၁)ရက်နေ့၊ (၀၉:၃၀)အချိန်မှ(၁၂:၀၀)အချိန်ထိ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာနှင့် ကော့မုပွန်ကျေးရွာအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားမှုများ လျော့နည်းပပျောက်နိုင်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mon_oct2021 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊‌ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စုအတွင်း (၁-၁၀-၂၀၂၁) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းအိမ်‌‌ခြေ(၁)လုံးအတွက် ထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၂,၆၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၂,၆၀ဝိ/-)တိတိအား (၄-၁၀-၂၀၂၁)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင်‌ တိုက်ကြီးမြို့အ‌‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးခဲ့ကြောင်း သိရှိရပါသည်။ #rbe #ygn_oct2021 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၀-၂၀၂၁)ရက်နေ့၊ (၀၉:၃၀ ) နာရီမှ (၁၂:၃၀ )နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဇွဲကလာကျေးရွာအုပ်စုအတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်၍ အသိပညာပေးဆောင်ရွက်ရာတွင် လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_sep2021 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘေးသင့်အိမ်ခြေများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်၊ ဆင်စခန်းကျေးရွာအုပ်စု၊ ဆင်စခန်းကျေးရွာ၌(၁၅-၉-၂၀၂၁) ရက်နေ့တွင် တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုအန္တရာယ်ကြောင့် အိမ်ခြေ (၂)လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဘေးသင့်အိမ်ခြေ (၂)လုံးအတွတ် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၁၀၀၀၀၀) ကျပ်နှင့် လူဦးရေ(၉)ဦးအတွတ် ဆန်ရိက္ခာ(၇)ရက်စာဖိုးကျပ် (၁၈၉၀၀)ကျပ်၊ စုစုပေါင်း (၁၁၈၉၀၀)ကျပ်တိတိအား (၁၇-၉-၂၀၂၁) ရက်နေ့ (၁ဝး၀၀) နာရီတွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်‌အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ygn_sep2021 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events