Author Archives: Aye Kyimann

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ နယ်မြေ(၃)၌ (၂၀-၄-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ စုစုပေါင်းလူဦးရေ(၈)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့် ပြည်သူများ အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၅၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၆၈၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၁၈၀ဝ/-) ကျပ်တို့အား (၂၆-၄-၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း … Read more

  • ကိုဗစ်- ၁၉နှင့် ဗီဇပြောင်း(အိုမီခရွန်) ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၂)ရက်နေ့၊ နံနက်ပိုင်းတွင် နမ့်ခိုက် ကျေးရွာနှင့် ညနေပိုင်းတွင် မယ်ဟန်ကျေးရွာ၌ သက်ဆိုင်ရာဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍ ပြည်သူလူထုအား ကိုဗစ်-၁၉နှင့် ဗီဇပြောင်း (အိုမီခရွန်) ရောဂါနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံဆော်သြပြီး လက်ကမ်းစာစောင်များ၊ မက်(စ်)များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar_2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေရရှိမှုအတွက် ထောက်ပံ့မှုသတင်း

                လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ထန်းကုန်း ကျေးရွာအုပ်စု၊ ထန်းကုန်းကျေးရွာတွင် သောက်သုံးရေရရှိရေးအတွက် ကုလားမကုန်းမှ ထန်းကုန်းကျေးရွာရှိ ရေကန်သို့ ပေ (၃၂၀၀) ခန့် ရေပိုက်လိုင်းအသစ်လဲလှယ်ရန်အတွက် ကုန်ကျငွေ (၄,၆၉၇,၀၀ဝ/-) ကျပ်တိတိအား (၂၉.၃.၂၀၂၂)ရက်နေ့တွင် ပုသိမ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာတာဝန်ရှိသူ များလက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_mar_2022 Source:  … Read more

  • မုန်တိုင်းဘေးထောက်ပံ့မှုနှင့် မုန်တိုင်းဘေးလက်ကမ်းစာစောင် ဝေငှခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ (၂၂.၃.၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားသော မုန်တိုင်းဘေးကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သော အိမ်ထောင်စု (၁၇၃) စုမှ လူဦးရေ (၆၉၃)ဦးအတွက် Surgical mask (၁၃၈၆)ခု၊ ဆန်ရက္ခာဘိုး (၁၄၅၅၃၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁၇၃)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၂၁၁၀၀၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၃၅၆၅၃၀၀/-) ကျပ်အား (၂၇.၃.၂၀၂၂)ရက်နေ့တွင်  လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရွေးနဒီခန်းမ)၌ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ … Read more

  • မီးဘေးနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး ပစ္စည်းများထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မရမ်းစု၊ ကြည်စေတနာလမ်းတွင် (၂၈-၃-၂၀၂၂) ရက်နေ့ (၀၉း၀၀) နာရီအချိန်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လုံးဝပျက်ဆီးအိမ်ခြေ (၆)လုံး မီးဘေးသင့်ခဲ့ပြီ အိမ်ထောင်စု(၆)စုမှ လူဦးရေ (၃၀) ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးသင့်အိမ်ခြေ (၆)လုံးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၆၃၀၀ဝ/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၇)မျိုး (၆) အိမ်ထောင်စုစာနှင့် ကိုဗစ် – ၁၉ … Read more

  • မီးဘေးနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး ပစ္စည်းများထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ နွယ်ခွေကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာငုရွှေဝါလမ်းတွင် (၂၀-၃-၂၀၂၂)ရက်နေ့၊ (၁၉း၄၀)နာရီအချိန်၌ မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ရာ လုံးဝပျက်ဆီးအိမ်ခြေ (၅)လုံး မီးဘေးသင့်ခဲ့ပြီ အိမ်ထောင်စု(၈)စုမှ လူဦးရေ (၃၃)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့်အိမ်ခြေ (၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၈)အိမ်ထောင်စုစာနှင့် ကိုဗစ် – ၁၉ ကြိုတင်ကာကွယ်ဖို့ အိမ်ထောင်စု (၈)စုအတွက် ဆပ်ပြာ (၈) တောင့်၊ လူဦးရေ(၃၃)ဦးအတွက် Mask (၆၆)ခုတို့အား … Read more

  • မီးဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန် ရှိသူများနှင့်အတူပူးပေါင်း၍ (၁၁-၃-၂၀၂၂)ရက်နေ့တွင် နံနက် (၀၇:၀၀) နာရီမှ (၁၀:၀၀)နာရီအချိန်တွင် ပဲခူးမြို့၊ ဥဿာမြို့သစ်ဈေး၌ မီးဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fir #bgo_mar_2022 Source:  ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် မိုးဦးကာလများဖြစ်သော ဧပြီလနှင့် မေလများ၌ နှစ်စဉ်ဖြစ်ပွားလျက်ရှိသော လေပြင်းဘေးအန္တရာယ်နှင့် ပတ်သက်၍လေပြင်းဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်း တစ်ခုဖြစ်စေ ရန်အတွက် အိုးအိမ်များ ပြင်ဆင်မွမ်းမံနိုင်ရန် (၁၀.၃.၂၀၂၂) ရက်နေ့ တွင် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စုရှိ နေအိမ်  (၁၀၀) လုံးအတွက်  အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဝါး၊ ဓနိ စသည့် အိမ်ဆောက်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး အောင်မျိုးသူ၊ မီးသတ်ဦးစီးမှူး၊ … Read more

Sign Up

Upcoming Events