Author Archives: Aye Kyimann

  • ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ မဟာ​စေတီလမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးအတွက် ထောက်ပံ့မှု သတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ မဟာ​စေတီ လမ်းတွင် (၈-၁၂-၂၀၂၃)ရက်​နေ့ (၁၇း၄၀)နာရီ အချိန်၌ ဖြစ်ပွားခဲ့​သော မီး​ဘေး​ကြောင့် ပုသိမ်ပြည်သူ့​ဆေးရုံကြီးတွင် ​ဆေးကုသမှုခံယူ​နေ​သော ထိခိုက်ဒဏ်ရာရရှိသူ (၅)ဦး အတွက် (၁)ဦးလျှင် ​ထောက်ပံ့​ငွေကျပ် (၅၀,၀၀ဝိ/-)ဖြင့် စုစု​ပေါင်း​ထောက်ပံ့​ငွေကျပ် (၂၅၀,၀၀ဝိ/-)တိတိတို့အား (၁၂-၁၂-၂၀၂၃)ရက်​​နေ့ (၁၅း၂၀)နာရီအချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ​ဘေးသင့်မိသားစု၀င်များ၏ လက်၀ယ်အ​ရောက် သွား​ရောက်​ထောက်ပံ့​ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_dec_2023 Source:  ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အမှတ် (၅) ရပ်ကွက်၊ ဝဏ္ဏသိင်္ဂီလမ်း၊ ပန်းတင်ကုန်းရပ်၌ ဖြစ်ပွားသော မီးဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာ၀တီတိုင်း​ဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ဝဏ္ဏသိင်္ဂီလမ်း၊ ပန်းတင်ကုန်းရပ်တွင် (၂၅.၁၀.၂၀၂၃)ရက်​နေ့ (၀၇း၅၅) နာရီအချိန်၌ ဖြစ်ပွားခဲ့​သော မီး​ဘေး​ကြောင့် ​သေဆုံးသူ(၁)ဦးအတွက်​ထောက်ပံ့​ငွေကျပ် (၃၀၀,၀၀ဝိ/-) တိတိအား (၂၅.၁၀.၂၀၂၃)ရက်​​နေ့ (၁၄း၄၀)နာရီအချိန်တွင် တာ၀န်ရှိသူများ၏ ​ရှေ့​မှောက်၌ ​သေဆုံးသူ၏ မိသားစု၀င်များ လက်၀ယ်အ​ရောက်​ ထောက်ပံ့​ပေးအပ်ခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_Oct_2023 Source:  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ခန်းမတွင် (၂၀-၁၀-၂၀၂၃) ရက်နေ့ (၁၀း၀၀) နာရီအချိန်၌ ”အယ်လ်နီညိုကြောင့်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်သင့်သည့် အချက်များ” ခေါင်းစဥ်ဖြင့် သဘာဝ ဘေးအသိပညာပေးဟောပြောမှုနှင့် မိုးခေါင်ရေရှားဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း များ စုစုပေါင်း (၁၄၀)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_Oct_2023 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး ခရိုင်၊ လှည်းကူးမြို့နယ်တွင် (၁၁-၁၀-၂၀၂၃) ရက်နေ့မှ (၁၂-၁၀-၂၀၂၃) ရက်နေ့အတွင်း ငမိုးရိပ် ချောင်းရေမြင့်တက်မှုနှင့် မိုးဆက်လက်ရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ ကယ်ဆယ်ရေး စခန်းများသို့ ထပ်တိုးရောက်ရှိလာသည့် အိမ်ခြေ (၈၇၈)လုံး၊ အိမ်ထောင်စု (၈၇၈)စုမှ လူဦးရေ (၃၆၂၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေစုစုပေါင်း (၇,၆၀၆,၂၀ဝိ/-) အား (၁၄-၁၀-၂၀၂၃)ရက်နေ့ (၀၉:၃၀)အချိန်နာရီတွင် လှည်းကူးမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကွပ်ကဲရေးရုံးသို့ သွားရောက်ထောက်ပံ့ ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #ygn_Oct_2023 Source:  … Read more

  • ဟင်္သာတမြို့နယ်၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ ဘူတာလမ်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ကြံခင်းမြို့နယ်၊ ရွာသစ် ရပ်ကွက်၊ ဘူတာလမ်းတွင် (၄-၁၀-၂၀၂၃) ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ် တစ်ပိုင်းအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၄)အတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈,၄၀၀ိ/-)တို့ကျပ်အား (၁၀-၁၀-၂၀၂၃) ရက်နေ့ (၁၃:၀၀) အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_Oct_2023 Source:  … Read more

Sign Up

Upcoming Events