Author Archives: Aye Kyimann
-
အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အခြေအနေ
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၁:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သတင်း ” ကို အောက်ပါအတိုင်း ထုတ်ပြန်ထား ပါသည်- အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အခြေအနေ (က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ပတ်တု(အ)ခါလီမြို့အနီးမှ ဖြတ်ကျော်ခဲ့သော မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တွင် အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ … Read more
-
မုန်တိုင်းငယ်(Depression)သတင်း
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “မုန်တိုင်းငယ်(Depression)သတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထား ပါသည်- မုန်တိုင်းငယ်(Depression)သတင်း (က) မုန်တိုင်းငယ်အခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်း ကမ်းခြေတို့တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ပတ်တု(အ)ခါလီမြို့ အနီးမှ ဖြတ်ကျော်ခဲ့ပြီး ဖြစ်ပါသည်။ (ခ) နောက် (၄၈)နာရီအတွင်းခန့်မှန်းချက် … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ ပြည်ပစေတနာရှင်ပြည်သူများက အလှူငွေနှင့် အလှူပစ္စည်းများ လှူဒါန်းနိုင်ရေး အသိပေးကြေညာခြင်း
၁။ မြန်မာနိုင်ငံတွင် ရာဂီမုန်တိုင်းနှင့်ဆက်စပ်၍ ရေဘေးများဖြစ်ပွားလျက်ရှိရာ ရေဘေးသင့် ပြည်သူများအတွက်ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် အလှူငွေနှင့် အလှူ ပစ္စည်းများအား ပါဝင်လှူဒါန်းနိုင်ပါသည်။ ၂။ အလှူငွေများကို မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့် လှူဒါန်းလိုပါက KBZ Pay၊ Wave Money တို့ဖြင့် လှူဒါန်းနိုင်ပြီး KBZ Pay QR Code နံပါတ် 70157401001 သို့လည်းကောင်း QR Code ကို Scan ဖတ်၍လည်းကောင်း၊ Wave Money ဖြင့်လှူဒါန်းလိုပါက QR Code ကို Scan … Read more
-
မုန်တိုင်းငယ်(Depression)သတင်း
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့ မြန်မာစံတော်ချိန် (၂၂:၃၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “မုန်တိုင်းငယ်(Depression)သတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထား ပါသည်- (က) မုန်တိုင်းငယ်အခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံအရှေ့တောင်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ … Read more
-
အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ “ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နှင့် ဩရိဿတောင်ပိုင်း ကမ်းလွန်)တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက် ၂၄ … Read more
-
အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၃၀) ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ “ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နှင့် ဩရိဿတောင်ပိုင်း ကမ်းလွန်)တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက် ၄၈ နာရီအတွင်း … Read more
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဥ်းမနားခရိုင်ခရိုင်၊ ပျဥ်းမနားမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှု သတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဥ်းမနားခရိုင်ခရိုင်၊ ပျဥ်းမနားမြို့နယ်အတွင်း (၂၄-၈-၂၀၂၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ယောက်သွားအင်းကျေးရွာအုပ်စု၊ ယာယီကယ်ဆယ်ရေးစခန်းတွင် နေထိုင်ခဲ့သော စုစုပေါင်းဘေးသင့်လူဦးရေ (၅၀၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁,၀၅၀,၀၀ဝိ/-)တို့ကို (၃၀ -၈-၂၀၂၄) ရက်နေ့၊ (၁၃:၀၀) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #npw_aug_2024 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၃၀) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ “ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နှင့် ဩရိဿတောင်ပိုင်းကမ်းလွန်)တို့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked … Read more
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာ၌ ဖြစ်ပွားသော ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီး ကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာတွင် (၂၃-၈-၂၀၂၄) ရက်နေ့ (၁၈:၀၀)အချိန်တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးသင့်ခဲ့ သော အိမ်ထောင်စု (၄၅)စုမှ ရွှေ့ပြောင်းခဲ့သော ဘေးသင့်လူဦးရေ (၁၆၇) ဦးတို့အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအား (၂၇-၈-၂၀၂၄)ရက်နေ့၊ ညနေ (၁၅:၀၀) အချိန်တွင် ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာတွင် ဆောင်ရွက်ခဲ့ရာ နေပြည်တော်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ … Read more
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ နဝဒေးရပ်ကွက်၊ ကန်သုံးဆင့်ကျေးရွာ၌ ရေဘေးကြောင့် မျောပါသေဆုံးသူများအတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၄) ရက်နေ့ ပြည်မြို့နယ်၊ နဝဒေးရပ်ကွက်၊ ကန်သုံးဆင့်ကျေးရွာ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ရေစီးနှင့်အတူမျောပါ သေဆုံးခဲ့သူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၆၀၀,၀၀၀/-) အား (၂၇-၈-၂၀၂၄) ရက်နေ့၊ မွန်းလွဲ (၂:၃၀) အချိန်တွင် ကျန်ရစ်သူမိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_aug_2024 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
