Author Archives: Aye Kyimann
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စု၊ ဘဲကုန်း(မ)ကျေးရွာ၌ လေဘေး သင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၄) ရက်နေ့၊ (၁၈:၁၅) နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာ သီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စု၊ ဘဲကုန်း(မ)ကျေးရွာ၌ ဖြစ်ပွားခဲ့သော မန်ကျည်းပင်လဲကျမှုကြောင့် ပျက်စီးခဲ့ သည့် တစ်စိတ်တစ်ပိုင်းနေအိမ် (၆)လုံးမှ ဘေးသင့်အိမ်ထောင်စု (၆) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၈၀၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၆၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေ (၁၉၂၆၀၀ိ/-)အား (၅-၈-၂၀၂၄) ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် ဘဲကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဘုရားငုတ္တိုရှမ်းစုကျေးရွာနှင့် ကညင်ဂဲကျေးရွာများ၌ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၄-၈-၂၀၂၄) ရက်နေ့တွင် မြောင်းမြမြို့နယ်၊ ဘုရားငုတ္တိုရှမ်းစု ကျေးရွာနှင့် ကညင်ဂဲကျေးရွာများ၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသော ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန် / ရှောင်ရန်အချက်များအား ရပ်ကွက်၊ ကျေးရွာနေပြည်သူများ သိရှိစေရန်အတွက် လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug_2024 Source: ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄/၂၀၂၄)
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းငယ်(Depression)သတင်းကို အောက်ပါအတိုင်း အစီရင်ခံတင်ပြအပ်ပါသည်- (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်ကမ်းခြေကို ပူရီမြို့ (Puri) တောင်ဘက်အနီးမှ ဖြတ်ကျော်ခဲ့သော မုန်တိုင်းငယ် (Depression)သည် ဩရိဿပြည်နယ်ပေါ်သို့ ရောက်ရှိခဲ့ပြီး၊ အနောက်မြောက်ဘက်သို့ ရွေ့လျားကာ၊ ချက်တစ်ဂတ်ပြည်နယ်သို့ ရောက်ရှိပြီး၊ နောက် (၁၂) နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့ တဖြည်းဖြည်း … Read more
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၂၄)
(က) မုန်တိုင်းငယ်အခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်နှင့် အင်ဒရာပရာဒေ့ရှ်ပြည်နယ် မြောက်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက် -အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုန်တိုင်းငယ်၏ အဝန်းအဝိုင်းသည် အိန္ဒိယ နိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေကို ပူရီမြို့(Puri) တောင်ဘက်အနီးမှ စတင်ဖြတ်ကျော်လျက်ရှိပါသည်။ (ခ) နောက်(၂၄)နာရီအတွင်းခန့်မှန်းချက် အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်နှင့် ချက်တစ်ဂတ်ပြည်နယ်တို့သို့ … Read more
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၄)
(က) မုန်တိုင်းငယ်အခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန် နှင့် အင်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ မြန်မာ နိုင်ငံ၊ ကျောက်ဖြူမြို့(Kyaukpyu)၏ အနောက်ဘက် ရေမိုင် ၄၃၀ မိုင်ခန့်၊ စစ်တွေ မြို့(Sittwe)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၉၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့(Puri)၏ တောင်-အရှေ့တောင်ဘက် ရေမိုင်၂၅ မိုင်ခန့်၊ ဂိုလ်ပါပူမြို့ (Gopalpur)၏ … Read more
-
ရေကြီးခြင်းသတိပေးချက်
ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ၇ ပေခွဲခန့် (၂၂၄ စင်တီမီတာ) တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ၇ ပေခွဲခန့် (၂၂၃ စင်တီမီတာ) တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ခန္တီးမြို့နယ်နှင့် … Read more
-
ရေကြီးခြင်းသတိပေးချက်
ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၃ ပေခွဲကျော် (၁၁၁ စင်တီမီတာ) တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ၉ ပေခန့် (၂၇၁ စင်တီမီတာ) တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၃ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် … Read more
-
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ဖြစ်ပွားသော မြေပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၅-၆-၂၀၂၄)ရက်နေ့၊ ကော့သောင်းမြို့၌ ဖြစ်ပွားခဲ့သော မြေပြိုဘေးကြောင့် သေဆုံးသူ (၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀ဝိ/-)ကျပ်၊ တစိတ်တပိုင်းပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀,၀ဝိ/-) ကျပ်၊ အဆိုပါ ဘေးသင့်အိမ်ထောင်စုမှ လူဦးရေ (၇)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၁၄၇၀ဝိ/-) ကျပ်၊ စုစုပေါင်း(၃၆၄၇၀ဝိ/-)ကျပ်အား (၂၆-၆-၂၀၂၄)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အတူ ဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #tny_jun_2024 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့၌ ဖြစ်ပွားသော မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာ၌ (၂၁ -၆-၂၀၂၄)ရက်နေ့၊ (၁၅: ၄၀)အချိန်တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-)ကျပ်အား (၂၄-၆-၂၀၂၄)ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သေဆုံးသူ၏ မိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_jun_2024 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၉-၆-၂၀၂၄)နေ့၊ (၁၄း၀၀)နာရီအချိန်တွင် မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပပြီး (၂၁-၆-၂၀၂၄)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မင်းဘူးခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌနှင့် ခရိုင်/ မြို့နယ်အဆင့်အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမှတ်(၂) မြို့မကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အမှတ်(၃)ရပ်ကွက် ဒေသခံပြည်သူများ၊ စုစုပေါင်း လူဦးရေ (၃၀၀) ဦးခန့်ဖြင့် ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ရေဘေးဇတ်တိုက်လေ့ကျင့် ခန်းကျင်းပပြုလုပ်မှုနှင့်ပတ်သက်၍ မင်းဘူးမြို့အတွင်း … Read more
