Author Archives: Aye Kyimann

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တန်းမြို့နယ်၊ ဇွဲဘာကုန်းကျေးရွာအုပ်စု၌ (၂၈-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ (၁) လုံး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)၊ ဆန်ရိက္ခာဖိုး (၄၂၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စုတို့အား (၃၀-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်နှင့်ပတ်သက်၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

    ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်နှင့်ပတ်သက်၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက် -၂၀၁၇ ခုနှစ်၊ မေလ (၂၉) ရက်နေ့ မြန်မာစံတော်ချိန် (၁၁:၀၀) နာရီအချိန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းသတိပေးချက် အမှတ်စဉ် (၀၅)၊၂၀၁၇အရဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “မိုရာ’’ Mora သည် မြောက်ဘက်သို့ရွှေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ ပုသိမ်မြို့၏ အနောက်ဘက် (၁၉၅) မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် (၁၈၀) ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် (၁၇၀) ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်- … Read more

  • ကျောင်းကုန်းမြို့နယ်အတွင်းသဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲနှင့် ဗွီနိုင်းကပ်အသိပေးခြင်းသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ကျောင်းကုန်းအုပ်စု၊ မာလာကွင်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ (၁၂၀) ဦးတက်ရောက်ခဲ့ပါသည်။ ၎င်းနောက် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေခဲ့ပါသည်။ ၎င်းနောက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန်ပြည်သူများသို့ပန်ကြားချက် ဗွီနိုင်းအားအုပ်ချုပ်ရေးမှူးရုံးတွင် စိုက်ထူခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • အသိပညာပေးဟောပြောပွဲနှင့် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးပြည်သူ များသို့ပန်ကြားချက်ဗွီနိုင်းစိုက်ထူမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းလျား(အနောက်)အုပ်စု၊ ကုန်းစုကျေးရွာ၌ သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ (၁၀၀) ဦး တက်ရောက်ခဲ့ပါသည်။ ၎င်းနောက် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေခဲ့ပါသည်။ ၎င်းနောက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန်ပြည်သူများသို့ပန်ကြားချက် ဗွီနိုင်းအား အုပ်ချုပ်ရေးမှူးရုံးတွင် စိုက်ထူခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ဘင်္ဂလားပင်လယ်အော်အခြေအနေ

    (၂၀၁၇ ခုနှစ်၊ မေလ (၂၇)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ================================================ (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိ သော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိ အားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအား နည်းရပ်ဝန်းသည် နောက်(၂၄) နာရီအတွင်းပိုမို အားကောင်းလာကာ မုန်တိုင်းငယ် (Depression) တစ်ခုအဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ (ခ) အဆိုပါလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့နေ့လည်မှ နောက် (၇၂)နာရီအတွင်းနေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ … Read more

  • ဟင်္သာတမြို့နယ်အတွင်း ရှားခဲကျေးရွာအုပ်စုရှိ ရှားခဲကျေးရွာနေ မိုးကြိုးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၇) ရက်နေ့၌ ဟင်္သာတ မြို့နယ်အတွင်း ရှားခဲကျေးရွာအုပ်စုရှိ ရှားခဲကျေးရွာတွင် မိုးကြိုးပစ်မှုကြောင့် မာဃလမ်းနေ ဦးသန်းထိုက်နှင့် တောင်ကလုံကျေးရွာအုပ်စု လက်ပံကုန်းကျေး ရွာနေ မောင်လှိုင်မင်း၊ မောင်လှိုင်မျိုးဦး မောင်သန်းနိုင် အတွင်းဒဏ်ရာရရှိသူ (၄) ဦးအား ( ၅၀၀၀၀/- ) နှုန်းဖြင့် ထောက်ပံ့ငွေ (၂၀၀၀၀၀/-) ကျပ်အား ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကိုကိုဦး၊ ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၆-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   … Read more

  • မိုးကြိုးပစ်မှုကြောင့် မီးလောင်ကျွမ်းသွားသည့် အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၇) ရက်နေ့၌ ဟင်္သာတ မြို့နယ်အတွင်း ရှားခဲကျေးရွာအုပ်စုရှိ ရှားခဲကျေးရွာတွင် မိုးကြိုးပစ်မှုကြောင့် မာဃလမ်းနေ ဦးသန်းထိုက်နှင့် တောင်ကလုံကျေးရွာအုပ်စု လက်ပံကုန်းကျေး ရွာနေ မောင်လှိုင်မင်း၊ မောင်လှိုင်မျိုးဦး မောင်သန်းနိုင် အတွင်းဒဏ်ရာရရှိသူ (၄) ဦးအား ( ၅၀၀၀၀/- ) နှုန်းဖြင့် ထောက်ပံ့ငွေ (၂၀၀၀၀၀/-) ကျပ်အား ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကိုကိုဦး၊ ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၆-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   … Read more

  • ကျောက်ဖြူခရိုင်၊ ကျောက်တစ်လုံး IDP စခန်းရှိ လေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၇) ရက်နေ့၊ (၀၅း၀၀) အချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်တစ်လုံး IDP စခန်းရှိ အိမ်ခြေ (၁၆) လုံး အိမ်ထောင်စု (၁၆) စု လူဦးရေစုစုပေါင်း (၄၉) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း ပလတ်စတစ်ပုံးပါ (၁၀) မျိုးကို (၁၆) အိမ်ထောင်စုစာနှင့် လူဦးရေ (၄၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀၂၉၀၀/-) ကျပ်အား (၂၆-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   … Read more

  • ပုလဲမြို့နယ်၊ အေးချမ်းသာကျေးရွာရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၁၇) ရက်နေ့၌ ပုလဲမြို့နယ်၊ အေးချမ်းသာကျေးရွာ ဖြစ်ပွားသော လေဘေးမှ ပြိုကျအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ အမိုးလန်အိမ် (၁၆) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၆) အိမ်ထောင်စာ၊ ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၅၃၀၀၀၀/-) တို့အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူလွှတ်တော် ကိုယ်စားလှယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်အတူ (၂၆-၅-၂၀၁၇) ရက်နေ့တွင် … Read more

Sign Up

Upcoming Events