Author Archives: Aye Kyimann
-
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာ၌ ဖြစ်ပွားသော တောဆင်ရိုင်းဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၂၄) ရက်နေ့ (၀၂:၀၀) အချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာတွင် တောဆင်ရိုင်းတစ်ကောင်၀င်ရောက်လာပြီး ရန်ပြု တိုက်ခိုက်မှုကြောင့် လူ(၁)ဦးသေဆုံးခဲ့ပါသည်။ အဆိုပါ သေဆုံး (၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေကျပ် (၃၀၀,၀၀ဝိ/-) အား (၂၂-၁၁-၂၀၂၄)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ygn_nov_2024 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ အမှတ် (၂၅၃)၊ ဝေပုလ္လ(၆) လမ်း၌ ဖြစ်ပွားသော မီးဘေး အတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၂၄)ရက်နေ့ (၁၇:၃၄)အချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ မြို့နယ်၊ (ဃ)ရပ်ကွက်၊ အမှတ် (၂၅၃)၊ ဝေပုလ္လ(၆) လမ်းတွင် မီးလောင်မှုကြောင့် နေအိမ်(၁)လုံး(တစ်စိတ်တစ်ပိုင်း)ပျက်စီးခဲ့ပြီး၊ ဘေးသင့်အိမ်ထောင်စု(၁)စု၊ ၊ လူဦးရေ ကျား(၁)ဦး၊ မ(၁)ဦး၊ စုစုပေါင်းလူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၄,၂၀ဝိ/-)၊ အိမ်ခြေ(၁)လုံး (တစ်စိတ်တစ်ပိုင်း) ပျက်စီးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၅၀,၀၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၅၄၂၀ဝိ/-)တို့အား (၂၁-၁၁-၂၀၂၄)ရက်နေ့၊ (၁၅:၄၆)နာရီအချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ (အ.ထ.က) တောင်ညို အခြေခံပညာအထက်တန်း ကျောင်း၌ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၁၁.၂၀၂၄) ရက်နေ့ (၁၀:၀၀)မှ (၁၂:၀၀)အချိန်ထိ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ (အ.ထ.က) တောင်ညို အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲ၌ ဌာနဆိုင်ရာများမှ အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၁၅၀)ဦးခန့်အား သဘာဝဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးမျှဝေခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_nov_2024 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တောင်ညိုကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာ (အ.ထ.က) ကျောင်း၌ ဇာတ်တိုက်လေ့ကျင်ခန်းသရုပ်ပြအခမ်းအနားကျင်းပမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၁၁.၂၀၂၄) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရ ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြအခမ်းအနားကို တောင်ညိုကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာ (အ.ထ.က)၌ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့်အတူ ရှာဖွေ/ ကယ်ဆယ်/ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_simex #npw_nov_2024 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အထူးမိုးလေဝသသတင်း
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့ မြန်မာစံတော်ချိန် (၁၆:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အထူးမိုးလေဝသသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ၁။ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀) နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်မှ ရွေ့လျားလာသော လေပွေလှိုင်းများကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း ယနေ့မွန်းလွဲမှ (၈-၁၁-၂၀၂၄) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် … Read more
-
အထူးမိုးလေဝသသတင်း
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အထူးမိုးလေဝသသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန် ထားပါသည်- ၁။ ယနေ့မြန်မာစံတော်ချိန် (၁၆:၃၀) နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်မှ ရွေ့လျားလာသော လေပွေလှိုင်းများကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် လည်းကောင်း (၆-၁၁-၂၀၂၄) ရက်နေ့မှ … Read more
-
အထူးမိုးလေဝသသတင်း
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အထူးမိုးလေဝသသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ၁။ ယနေ့မြန်မာစံတော်ချိန် (၁၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ် ပြင်မှ ရွေ့လျားလာသော လေပွေလှိုင်းများကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျား လာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် လည်းကောင်း (၆-၁၁-၂၀၂၄) ရက်နေ့မှ (၈-၁၁-၂၀၂၄) ရက်နေ့အတွင်း … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေလိမ်ကျေးရွာအုပ်စု၊ ကန့်လန့်စုကျေးရွာနှင့် ကျွဲပျိုကျေးရွာများ၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေလိမ်ကျေးရွာအုပ်စု၊ ကန့်လန့်စုကျေးရွာနှင့်ကျွဲပျိုကျေးရွာ၌ (၃၁-၁၀-၂၀၂၄) ရက်နေ့ (၁၆း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀,၀၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၂)ပုံး (၂၁၅,၃၅၆) အိမ်ထောင်စု(၂)စုမှ လူဦးရေ (၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၈,၉၀၀ိ/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၄၃၄,၂၅၆/-) အား (၁-၁၁-၂၀၂၄)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် … Read more
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ (အ.ထ.က.၁) အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂၉-၁၀-၂၀၂၄) ရက်နေ့ (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအချိန်ထိ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ (အ.ထ.က.၁) အခြေခံပညာအထက်တန်းကျောင်း၌ အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၂၀၀) ဦးခန့်အား သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_oct_2024 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” (DANA)သတင်း အမှတ်စဉ် (၁၃/၂၀၂၄)
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” (DANA) သတင်းအမှတ်စဉ် (၁၃/၂၀၂၄)” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ၁။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ပူရီမြို့ (Puri) နှင့် ဆာဂါကျွန်း (Sagar Island) တို့အကြား ဒမ်မရာမြို့ (Dhamara) အနီးမှ ဖြတ်ကျော်ခဲ့သော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း … Read more
