Author Archives: Aye Kyimann
-
ရေဘေးဇာတ်လေ့ကျင့်ခန်းပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၉.၂၀၁၈)ရက်နေ့တွင် ပြုလုပ်မည့် မော်လမြိုင်မြို့နယ်၊ သီရိမင်္ဂလာရပ်ကွက်တွင် ရေဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ဇာတ်လေ့ကျင့်ခန်းပြုလုပ်နိုင်ရေးအတွက် (၇.၉.၂၀၁၈)ရက်နေ့တွင် မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ သီရိမင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့အစည်းများနှင့်လုပ်ငန်းအ ကြိုညှိနိူင်းအစည်းဝေးများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #mon_sep2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှမြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်း နိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် (၁)ပေခန့်နှင့် မဒေါက်မြို့တွင် (၃)ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အထက်သို့ ကျော်လွန်နေပြီး တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် လက်ရှိရေမှတ်များမှ နောက်(၁) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ ဆွေးနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၉.၂၀၁၈)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာအုပ်စု၊ ငွေတောင်ရွာသစ်ရှိ ရပ်ရွာပြည်သူ(၁၀၀)ဦးအား သဘာဝဘေးဆိုင်ရာ အသိပညာ ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_sep2018 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ (၂၆.၈.၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး အိမ်ထောင်စု (၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ(၁၀၅၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ(၁၁၀၅၀၀/-) ကျပ်တို့အား (၆.၉.၂၀၁၈)ရက်နေ့တွင် မအူပင်မြို့နယ်၊ ထွေ/အုပ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_sep2018 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြစ်ရေအခြေအနေသတင်း
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှမြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ၁။ ဒုဋ္ဌဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ၂။ စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် (၁)ပေခန့်နှင့် မဒေါက်မြို့တွင် (၄)ပေခန့် ယင်းမြို့များ၏ … Read more
-
သဘာဝဘေးဆိုင်ရာအသိပညာ ဆွေးနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၅.၉.၂၀၁၈)ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ အ.ထ.က(လွိုင်လင်လေး)ကျောင်းရှိ ကျေင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၂၀)ဦးတို့အား သဘာဝဘေးဆိုင်ရာအသိပညာဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_sep2018 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ယင်းမူကုန်းအုပ်စု၊ တဲတန်းကျေးရွာတွင် (၃-၉-၂၀၁၈)ရက်နေ့တွင် လေဘေးသင့်ပြိုလဲ နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ၁၀၀၀၀၀ကျပ် လူဦးရေ (၇)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၁၄၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄၇၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး ပလပ်စတစ်ပုံးအပါ (၁)ပုံးတို့အား (၅-၉-၂၀၁၈) ရက်နေ့ (၁၁းဝဝ) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_sep2018 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအုပ်စု၊ ဥယျာဉ်သာရပ်တွင် (၃-၉-၂၀၁၈)ရက်နေ့ ဖြစ်ပွားသော လေးမြို့မြစ်ရေ တိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသော နေအိမ် (သွပ်မိုး/ပျဉ်ခင်း/ပျဉ်ကာ)(၁)လုံး၊ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၇)ပြည်တို့အား (၅-၉-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ha_rbe #rke_sep2018 Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာတွင်(၅.၉.၂၀၁၈) ရက်နေ့(၁၁း၁၀)နာရီအချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စု၊ လူဦးရေ(၃၁)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၆၅၁၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း(၇၆၅၁၀၀/-)ကျပ်တို့အား ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ (၅.၉.၂၀၁၈)ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ နွယ်နီကျေးရွာအုပ်ချုပ်ရေးမှူး လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_sep2018 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ “
