Author Archives: Hlaing ChoOo

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၂၃)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ အ.ထ.က(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ (၂၀၀)ဦး ခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှ ပေးခြင်းနှင့် ဗွီနိုင်းပိုစတာဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_jun2023

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၃) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် သဘာဝဘေးအသိပညာပေးဆွေးနွေးဟော‌ပြောခြင်း၊ လက်ကမ်း စာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_jun2023

  • မိုးကြိုးထိမှန် ဒဏ်ရာရလူနာအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ကသာမြို့၊ တုတ်ကြီးကျေးရွာအုပ်စု၊ သံပုရာကုန်း ကျေးရွာ၌ (၂-၆-၂၀၂၃) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် မိုးကြိုးထိမှန်သဖြင့် ကသာမြို့ပြည်သူဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဒဏ်ရာရလူနာ(၁)ဦးအတွက်‌ ထောက်ပံ့ငွေ (၅၀,၀၀၀/-)အား (၃-၆-၂၀၂၃)ရက်နေ့ နေ့လည်(၁၂:၃၀)နာရီအချိန်တွင် ကသာမြို့ပြည်သူဆေးရုံတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_tls #sgg_jun2023  

  • ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်အတွင်းမှ လေဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း များနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် ချောင်းညီအကိုကျေးရွာအုပ်စုနှင့် ကြိမ်ပိုက်ကျေးရွာအုပ်စုတို့၌ (၁၅-၅-၂၀၂၃)ရက်နေ့တွင် မိုးသည်းထန်စွာရွာ သွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ (၉)ဦးတို့ အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈,၉၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)၊ စုစု ပေါင်းထောက်ပံ့ငွေ (၁၁၈,၉၀ဝ/-) ကျပ်တို့အားလည်ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင် မြို့နယ်အတွင်း၌ (၂၀-၅-၂၀၂၃)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ် တစ်ပိုင်းပျက်စီးအိမ်ခြေ (၃၅)လုံး၊ လုံးဝပျက်စီးအိမ်ခြေ … Read more

  • ဘားအံမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  ဘားအံမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၌ (၁၄-၅-၂၀၂၃) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀ဝ/-)နှင့် လူဦးရေ (၅)ဦးတို့ အတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၁၀,၅၀ဝ/-)၊ စုစုပေါင်း(၄၀,၅၀ဝ/-)ကျပ်တို့အား (၂၀-၅-၂၀၂၃) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘားအံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #krn_may2023

  • မုန်တိုင်ဘေး၊ လေပြင်းဘေးတို့နှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုနှင့် လေဘေးသင့် အိမ်ထောင်စုများ အတွက် ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင်   တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးခန်းမ၌ မိမိတို့ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ပြည်သူများသိရှိနိုင်စေရန် ရှင်းလင်းပြောကြားခြင်းနှင့် မုန်တိုင်ဘေး၊ လေပြင်းဘေးတို့နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ဆောင်ရန် ရှောင်ရန် အချက်များဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံး‌ ကျေးရွာအုပ်စု၊ မရမ်းကျေးရွာအုပ်စု၊ တော်ခရမ်းလေးကျေးရွာအုပ်စုနှင့် တော်ခရမ်းအနောက်ကျေးရွာ အုပ်စုတို့၌ (၁၄-၅-၂၀၂၃) ရက်နေ့တွင်  ဖြစ်ပွားခဲ့သော  လေပြင်းတိုက်ခတ်မှုကြောင့် ပြောင်းရွေ့နေထိုင်သူ အိမ်ထောင်စု (၃၂၃) စု၊ … Read more

  • လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၊ ဘုရားသုံးဆူရပ်ကွက်၌ (၁၄-၅-၂၀၂၃)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၉) ဦးနှင့် သနပ်ပြင်ကျေးရွာအုပ်စု၊ ဇရပ်ကွင်းကျေးရွာအုပ်စု၊ မလစ်အနောက်ကျေးရွာအုပ်စု၊ သူငယ့်ချောင်ကျေးရွာအုပ်စု၊ စိုင်ဒီကုန်းကျေးရွာအုပ်စုနှင့် ဖောင်ကြီးအရှေ့ ကျေးရွာအုပ်စုတို့၌ (၁၄-၅-၂၀၂၃)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝ ပျက်စီးအိမ်ခြေ (၁)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁၃)လုံး၊ အိမ်ထောင်စု (၁၄)စုမှ လူဦးရေ … Read more

  • ကျောက်တန်းမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တန်းမြို့နယ်၊ ကုလားတန်း ကျေးရွာအုပ်စု၊ သံတဲကျေးရွာ၌ (၁၃-၅-၂၀၂၃) ရက်‌နေ့၊ (၁၉း၅၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်၍ သစ်ပင်ပြိုလဲမှုကြောင့် ဓနိမိုး၊ ထရံကာ နေအိမ်(၁)လုံး ပြိုလဲပျက်စီး၊ (၁၄-၅-၂၀၂၃) ရက်နေ့ (၁၁း၃၅) နာရီ အချိန်တွင် သွပ်မိုး၊ ထရံကာ နေအိမ်(၁)လုံး အမိုးလန်ပျက်စီးနှင့် (၁၅း၀၀)နာရီအချိန်တွင် ရွှေပျောက် ကျေးရွာအုပ်စု၊ အဒွတ္တောကျေးရွာတွင် သွပ်မိုး၊ ထရံကာ နေအိမ်(၁)လုံး ပြိုကျပျက်စီး၊ … Read more

Sign Up

Upcoming Events