Author Archives: Hlaing ChoOo
-
အမျိုးသမီးအိမ်တွင်းမှု အသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် စက်မူလက်မူ ပညာသင်တန်း ကျောင်းတို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၃) ရက်နေ့တွင် အမျိုးသမီးအိမ်တွင်းမှု အသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် စက်မူလက်မူ ပညာသင်တန်းကျောင်းတို့မှ သင်တန်း ဆရာ/ဆရာမ စုစုပေါင်း (၁၅၀) ဦးခန့်တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ ဗွီနိုင်းများပေးအပ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_jul2023
-
ကျောင်းကုန်းမြို့၊ ကိုင်းဝိုင်းကျေးရွာအုပ်စု၊ မြွေဟောက်ကျေးရွာ၌ မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောင်းကုန်းမြို့၊ ကိုင်းဝိုင်းကျေးရွာအုပ်စု၊ မြွေဟောက်ကျေးရွာ၌ (၂၈-၆-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ (၁)ဦး အတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/)ကျပ်တိတိအား (၃၀-၆-၂၀၂၃) ရက်နေ့၊ (၁၂း၃၀) နာရီအချိန် တွင် တာဝန်ရှိသူများရှေ့မှောက်၌ သေဆုံးသူ၏ မိသားစုဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_tls #ayy_jul2023
-
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးအုပ်စု၊ သောင်ကြီးကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦး စီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးအုပ်စု၊ သောင်ကြီးကျေးရွာ၌ (၂၈-၆-၂၀၂၃)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၁၀,၅၀ဝ/-) စုစုပေါင်းထောက်ပံ့ငွေ (၁၁၀,၅၀၀/) ကျပ်တို့အား (၃၀-၆-၂၀၂၃)ရက်နေ့၊ (၁၄း၃၀) နာရီအချိန် တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_rbe … Read more
-
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးအုပ်စု၊ သောင်ကြီးကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးအုပ်စု၊ သောင်ကြီးကျေးရွာ၌ (၃၀-၆-၂၀၂၃)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၁၄,၇၀ဝ/-) စုစုပေါင်းထောက်ပံ့ငွေ (၁၁၄,၇၀၀/) ကျပ်တို့အား (၃-၇-၂၀၂၃)ရက်နေ့၊ (၁၄း၃၀) နာရီအချိန် တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_jul2023
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၆-၂၀၂၃) ရက်နေ့တွင် ဆရာအတတ်ပညာ ဦးစီးဌာန၊ ကသာပညာရေးဒီဂရီကောလိပ်တွင် ပြန်/ဆက်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဆရာ၊ ဆရာမဦးရေ (၃၂၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောခြင်းအား ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_jul2023
-
ဝါးခယ်မမြို့နယ်၊ ကွမ်းသီးချောင်းလေးကျေးရွာအုပ်စု၊ ကွမ်းသီးချောင်းကြီးအဝကျေးရွာ မိုးကြိုးဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကွမ်းသီး ချောင်းလေးကျေးရွာအုပ်စု၊ ကွမ်းသီးချောင်းကြီးအဝကျေးရွာ၌ (၃၀-၆-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ(၂)ဦးအတွက် ထောက်ပံ့ငွေ (၆၀၀,၀၀ဝ/-) ကျပ်အား (၁-၇-၂၀၂၃)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မိုးကြိုးဘေး ထိမှန် သေဆုံးသူများ၏ မိသားစုဝင်များထံသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_tls #ayy_jul2023
-
ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ ဦးဆောင်၍ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်လူမှု ကယ်ဆယ်ရေးအသင်းအဖွဲ့တို့ ပူးပေါင်းပြီး (၁၆-၆-၂၀၂၃)ရက်နေ့၊ (၀၈းဝဝ)အချိန်မှ(၁၀း၀၀)နာရီအချိန်အထိ မုဒုံမြို့နယ်၊ ကတုံးပေါ် ကျေးရွာ၌ ရေဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား ပြည်သူလူထု (၁၅၀)ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #Simex_fld #mon_jun2023
-
မြိတ်မြို့နယ်၊ အ.ထ.က(ခွဲ)၊ အ.လ.က(၁) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၂၃)ရက်နေ့ ၊(၁၄:၀၀)နာရီအချိန်တွင် မြိတ်မြို့နယ်၊ အ.ထ.က (ခွဲ)၊ အ.လ.က(၁) အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျောင်းသား/သူ (၁၈၀)ဦးတို့အား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်လျက် သဘာဝဘေးအသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းနှင့် ဘောလ်ပင်ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_jun2023
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပုလော မြို့နယ်၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/သူ (၂၀၀)ဦးခန့်အား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များ၊ ဘောလ်ပင်များ နှင့် ဗွီနိုင်းပိုစတာဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_jun2023
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၆-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီ အချိန်တွင် ကော့သောင်းမြို့နယ်၊ အောင်သုခရပ်ကွက်၊ အလင်းရောင်ကိုယ်ပိုင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များအား Power Point ဖြင့် ရှင်းလင်းပြောကြားခြင်း၊ Video Animation များပြသခြင်း၊ လက်တွေ့ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် သဘာဝဘေးအသိပညာပေးဟောပြောခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_jun2023
